အခန်း(၁)
ပူပြင်းလှသောအာဖရိကနေရောင်ကမျက်နှာပြင်တစ်ခုလုံးကို ချွေးသီးချွေးပေါက်များနှင့်စိုရွှဲ နေစေသည်။အချို့ သောချွေးစက်များကပါးစပ်ထဲထိအောင်စီးဝင်လာသောကြောင့် ငံကျိကျိအရသာကိုတန်ဘိုးရားခံစားလိုက်ရသည်။ကျောပေါ်မှထမ်းပိုးသယ်ယူလာသောသားကောင်ကိုတစ်ချက်ထဲ နှင့်အသေသတ်ဖမ်းဆီးနိုင်ခဲ့ခြင်းအတွက်
ပျော်ရွှင်နေသောကြောင့်နေ၏အပူဒဏ်ကိုတောင်ဂရုမစိုက် နိုင်အားဘဲဖြစ်နေမိသည်။ပတ်ဝန်းကျင်အားဝေ့ဝဲကြည့်ရှုမိတော့အရိပ်ရနိုင်မည့်တစ်ပင်ထဲထီးတည်းကြီးရှိနေသည့်
သစ်ပင်ကြီးတစ်ပင်ကိုတွေ့ လိုက်ရ
သည်။ခြေလှမ်းများက သစ်ပင်ဆီသို့ ဦးတည်လိုက် မိ၏။အရိပ်အောက်သို့ ရောက်သောအခါ ပခုံးပေါ်မှ သားကောင်ကိုပြစ်ချလိုက်ပြီး ခြောက်သွေ့ နေပြီ ဖြစ်သော သစ်ရွက်ကျွေ များ ပေါ်သို့ ကျောခင်းလှဲချလိုက်မိသည်။အရိပ်အောက်ဆိုသော်လဲ သစ်ရွက်များ၏အကြိုအကြားမှတိုးဝင်ရောက်ရှိလာသော နေရောင်ကသူ့ မျက်လုံးများကိုကျိန်းစပ်စေသော ကြောင့် မျက်လုံးများမှိတ်ပြစ်လိုက်ရသည်။သူပျင်းကြောဆန့် လိုက်သည်။အရိပ်အောက်တွင် မျက်စိ မှိတ်ကာ အနားရလိုက်သောကြောင့် ယနေ့ ညတွင်ကြုံတွေ့ ရမည့် သူမျှော်လင့် ထား ခဲ့သောအရေးကို စိတ်ကူးနေလိုက်မိသည်။
ဒီလိုနေ့ မျိုးကိုသူစောင့်စားခဲ့ရသည်မှာကြာပေပြီ။လွန်ခဲ့သောနှစ်များကနဲ့ မတူတော့ဘူးဆိုတာကိုသူကောင်းစွာနားလည်နေပေပြီ။သူ့ အသက်ဆယ့်ခွန်နစ်နှစ် ရှိနေပြီဆိုတာလဲသူ့ ကိုသူသိနေသည်။သူ့ အကိုမန်ဒိုးမားကတော့သူ့ အသက်ကိုဆယ့်ငါးနှစ်သာရှိသေးသည်ဟုလူသိရှင်ကြားပြောထားပေသည်။မန်ဒိုးမားသည် ရွာလူကြီးတစ်ယောက် ဖြစ်၏။မျိုးနွယ်စု၏ ဦးဆောင်သူတစ်ယောက်ဖြစ်သည်။သူ တို့ တွင် ညီအကိုအားလုံးပေါင်း ရှစ်ယောက်ရှိခဲ့သော်လဲ အသက်မရှည်ကြ။မန်ဒိုးမားနှင့်တန်ဘိုးရားနှစ် ယောက်သာ အသက်ရှင်ကျန်ရစ်ခဲ့သည်။အကြီးဆုံးနှင့်အငယ်ဆုံးနှစ်ယောက်သာရှိသော်လဲ မန်ဒိုးမား နဲ့ သူနဲ့ သိပ်အစေးမကပ်ပေ။သူတို့ တဲအတွင်းမှာ နတ်တိုင်တစ်ခုစိုက်ထူထားရာ ထိုနတ်တိုင်တွင် သူ့  အသက်ကို မန်ဒိုးမားက အမှတ်အသားပြုပေးခဲ့ သည်မှာ လွန်ခဲ့သော နှစ်နှစ်ကစ၍ ဆယ့်ငါးခုကပိုလာ သည်မရှိတော့တာ သူမှတ်မိနေသည်။သူ့ အကိုက သူ့ ကိုမုန်းနေကြောင်းသိနေသောကြောင့် အခွင့်အ ရေးကိုသာ စောင့်နေခဲ့ရသည်။မန်ဒိုးမား၏ဇနီး ဇာရာဆာ နှင့် သူ့ ထက်အသက်ပိုကြီးသော သူ့ တူ ဗန်ဆူ တို့ ကလဲ သူ့ ကိုနှစ်ခြိုက်ခြင်းမရှိပေ။ဒါတွေကိုသိနေသောကြောင့် သူကလဲသူတို့ ကိုမုန်းမိသည် မှာ သိပ်တော့မဆန်းဟု ထင်မိသည်။ဟောင်ဆာ မျိုးနွယ်စု၏ အစဉ်အလာအရ တစ်နေ့ မန်ဒိုးမား သေ ဆုံးခဲ့လျှင်တန်ဘိုးရားသာတစ်ရွာလုံး၏အကြီးအကဲဖြစ်ရပေမည်။ အကို၏အရိုက်အရာကိုညီကသာ
ဆက်ခံရမည်။သားဖြစ်သူ ကဆက်ခံနိုင်ခွင့်မရှိပေ။တန်ဘိုးရားမရှိရင်တော့ ဗန်ဆူ ဆက်ခံနိုင်လိမ့်မည်။
ထို့ ကြောင့်လဲ အာရပ်အနွယ်ဝင်ဖြစ်သော ဇာရာဆာနှင့် ဗန်ဆူတို့ က တန်ဘိုးရားကို မလိုဘဲ ဖြစ်နေကြခြင်းဖြစ်ပါသည်။ဟောင်ဆာထုံးတမ်းစဉ်လာတွေကိုဂရုမစိုက်သူများမို့ သားအမိနှစ်ယောက် ပေါင်း၍ တီးတိုးတိုင်ပင်ကာ မန်ဒိုးမားက သူ့ ကိုမုန်းအောင်လုပ်ထားနိုင်ခဲ့ သည်။သူတို့ တွေ မလိုလား မှန်းသိသောကြောင့် လွန်ခဲ့သောခြောက်လခန့် ကထဲက ထိုတဲမှထွက်လာပြီး လူငယ်များစု ပေါင်းနေ ထိုင်သော တဲရှိရာသို့ သူပြောင်းရွှေ့ ခဲ့သည်။ရွာကနတ်ဆရာအဖိုးကြီး ကာနီလီကသူ အရွယ် ရောက် နေပြီဆိုတာ သတိထားမိသွားခြင်းကတော့ အမြတ်ထွက်သည်ဆိုရမည်။ထိုအတောအတွင်းအ ဖိုးကြီး ကာနီလီနှင့် နီးစပ်ကာ အဖိုးကြီးထံမှ နည်းနာများကို သင်ယူခွင့်ရခဲ့သည်။မိမိ၏ အတွင်းစိတ် ဓာတ်ကြံ့  ခိုင်မှုကို ယုံကြည်နားလည်စေခြင်းမျိုးဖြစ်သည်။သားရဲတရိစ္ဆာန်များကို ရင်ဆိုင်တိုက်ခိုက်နည်းများကို လဲ သင်ယူခဲ့သည်။ယခုပင်သူကိုယ်တိုင်သားကောင်တစ်ကောင်ကို ရှာဖွေသတ်ဖြန်နိုင်ခဲ့သည်မ ဟုတ် လော။
အရိပ် အောက်တွင်လှဲနေရတာ နေလို့ ကောင်းလှသည်။နေရောင်ကျနေပြီဖြစ်သောကြောင့် နေမကွယ်မီရွာကို အရောက်ပြန်ရမည်။သူရလာသော သားကောင်ကို မိန်းမများက အရေစုတ်၍ စား သောက်ရန်ချက်ပြုတ် ပြင်ဆင်ကြလိမ့်မည်။စားကောင်းသောက်ဖွယ် များကိုစဉ်းစားမိသောကြောင့် ပါးစပ်ထဲတွင် လျှာရည်တို့ နှင့် စိုစွတ်သွားရသည်။နေရောင်ပျောက်၍ ညရောက်လျှင်တွေ့ ကြုံရတော့ မည့် နာကြင်မှုအတွက်လဲ တွေးရင်းကြက်သီးထလိုက်မိသည်။အတွေ့ အကြုံရှိပြီးသား လူကြီးတွေပြော ပုံအရဆိုပါက မီးကဲ့သို့ ပူလောင်ခြင်းမျိုးဟု ဆိုတတ်ကြသည်မဟုတ်ပါလား။တစ်ခါတလေ ဓါးကတုံးနေ လျှင် အရေပြားက တော်ရုံနဲ့ မပြတ်။ထိုအခါမျိုးတွင် ကာနီလီက အရေပြားကိုမပြတ် ပြတ်အောင်ကြိတ် လှီးတတ်သောကြောင့် သေလောက်အောင်နာကြင်ရသည်တဲ့ ။သူကတော့ သိပ်စိတ်မပူပါ။အဖိုးကြီးဆီ မှာ ကျွန်ကုန်သည်တစ်ယောက်ဆီကရထားသော ဓါးအသစ်တစ်ချောင်းရှိနေတာ သိထားသောကြောင့် ဖြစ်သည်။ကာနီလီကလဲ နာကြင်မှုမရှိစေရ လို့ သူ့ ကိုပြောထားသည်။
လူကြီးတစ်ယောက်ဖြစ်ရမည့်အရေးအတွက် လိင်တံထိပ်ဖူးမှ အရေပြားကိုဖြတ်တောက်ရန် သူစိတ်လှုပ်ရှားမိသည်။ရွာက မိန်းကလေးတွေက ဖြတ်တောက်မှုပြီးဆုံးသွားလျှင် သူ့ ကိုအသိအမှတ် ပြု ဆက်ဆံပေလိမ့်မည်။သူ ပထမဆုံး ဆက်ဆံရန် စိတ်ကူးထားမိသော မိန်းကလေးက လေယွန်ဘာ ၏သမီး အိုင်ဘာ ပင်ဖြစ်ရလိမ့်မည်။အိုင်ဘာ၏ ဖွံဖြိုးနေပြီဖြစ်သော ရွှေရင်အစုံက မို့ မောက်ဆူတင်းနေ သည်ကို သူ မတော်တဆ ထိတွေ့ ဖူးထားကထဲက ထိုမိန်းကလေးနှင့် စက်ယှက်လိုခဲ့ သည်မဟုတ်ပါ လား။အစပိုင်းတော့ ကောင်မလေးထွက်ပြေးကောင်းပြေးနိုင်သည်။သို့ ပေမယ့် တစ်ခါ၊ဒါမှမဟုတ် နှစ်ခါ ဒီထက်ပို၍ ဆယ်ခါ၊အခါနှစ်ဆယ်ကျော်ရင်တော့ ဘယ်ပြေးနိုင်မလဲ အိုင်ဘာရယ်ပေါ့ ။
သူနေရာမှထရပ်လိုက်သည်။ပျော်သလိုလိုဖြစ်နေ၏။လူကြီးတစ်ယောက်အဖြစ်သက်သေပြ နိုင်တော့မည်လေ။ဆယ့်ခွန်နစ်နှစ်သားဆိုသော်လဲ တန်ဘိုးရား၏အရပ်မှာ ရှည်လျားနေပြီဖြစ်သည်။သူ ၏မျိုးရိုးက ဟိုးအရင်ထဲက အာရပ်သွေးရောခဲ့သောကြောင့် သူ့ မျက်နှာက နီဂရိုးအစစ်တွေလို မဆိုးဝါး လှ။မျက်လုံး၊ နှာတံတို့ ကပေါ်လွင်ထင်ရှားလှသည်။နှုတ်ခမ်းအစုံက ထူထဲသော်လဲ နီရောင်သမ်း၍နူး ညံ့မှုကိုဖေါ်ပြနေသလိုပင်။သူ့ ခေါင်းထဲမှာပေါ်နေသော အိုင်ဘာ၏ ရုပ်သွင်ကိုမောင်းထုတ်ပြစ်လိုက်ပြီး သား ကောင်ကို ကောက်ယူထမ်းလိုက်သည်။ညမမှောင်ခင်ရွာကို အရောက်ပြန်ရလိမ့်မည်။ခြေလှမ်းများကို ခပ်သွက်သွက်လေးလှမ်းလိုက်မိသည်။ရွာအနီးသို့ ရောက်သောအခါ လှောင်အိမ်ကြီးများအနီးမှ ဖြတ် သွားရသောကြောင့် ရောင်းချရန်ဖမ်းဆီးထားသောသူများထံမှ တေးညည်းသံသဲ့သဲ့ကို ကြားလိုက်ရ သည်။မြစ်ရိုးတရှောက်ရှိ ရွာများကို ဝင်ရောက်တိုက်ခိုက်ပြီး ဖမ်းဆီးရမိလာသော သူများကို ကျွန်ကုန် သည်များထံသို့ ရောင်းစားလိုက်ရင် သူတို့ အတွက် ခေတ်မီ လူသုံးကုန်ပစ္စည်းများရရှိလိမ့်မည်။ထိုအ ခါ သူတို့ ၏လူနေမှုအဆင့်က ပိုမိုမြင့်တက်လာနိုင်မည်ဖြစ်လေသည်။
အရင်တုန်းကဆိုရင် ရွာစည်းရိုးမှာ စစ်ပွဲတွင်ရရှိလာသောရန်သူများ၏ ဦးခေါင်းကိုချိတ်ဆွဲထားလေ့ရှိသော်လဲ အခုအချိန်တွင်တော့ထိုဓလေ့ကပျောက်ကွယ်သွားတော့သည်။ ရန်သူကို အသေသတ်၍ခေါင်းဖြတ်ခြင်းထက် အရှင်ဖမ်းပြီးရောင်းစားတာက ပိုပြီးအကျိုးရှိတာကို သူ တို့ သိနေပြီလေ။
အိုင်ဘာကသူ့ အဖေအိမ်ရှေ့ တွင်မောင်းထောင်းနေသည်။တန်ဘိုးရား က အိုင်ဘာကိုတွေ့  လိုက်ရသောကြောင့် ထိုနေရာသို့ တန်းတန်းမတ်မတ်ပဲသွားလိုက်၏။
“ဒီည ကပွဲပြီးရင် ဘယ်လိုသဘောရလဲ”
သူ့ စကားကြောင့်ကောင်မလေးမောင်းထောင်းနေရာမှ မျက်လွှာပင့်ကြည့်လာသည်။
“ဘာကိုဘယ်လိုသဘောရ ရမှာလဲ”
“ဒီည ကပွဲပြီးရင်ငါလူကြီးဖြစ်ပြီလေ….နင်နဲ့ ဆက်ဆံလို့ ရပြီပေါ့”
အိုင်ဘာ့မျက်နှာက ပြုံးယောင်သန်းသွားသလိုထင်လိုက်ရသည်။
"ဒါပေမယ့် ဒီညအတွက် ငါတစ်ခြားတစ်ယောက်ကို ဂတိပေးထားပြီးသားဖြစ်နေပြီ"
အိုင်ဘာ့အပြောကြောင့်တန်ဘိုးရားလက်တစ်ဖက်နှင့်သူမ၏လက်မောင်းအိုးကိုဆွဲညှစ်လိုက်မိသည်။အားပါသောကြောင့်သူမလက်ထဲတွင်ကိုင်ထားသော မောင်းထောင်းတံပင် လွတ်ကျသွားရသည်။
"နာတယ်ရှင့်"
အိုင်ဘာ ရုန်းရင်းပြန်ပြောသည်။
"မင်းစကားကို မရုပ်သိမ်းရင် ငါကတော့ ပိုနာအောင်လုပ်မှာဘဲ၊ငါကလွဲရင် ဘယ်သူနဲ့ မှ မင်းမအိပ်ရတော့ဘူး၊မင်းငါ့ကို အလိုရှိနေတယ်ဆိုတာ မင်းကိုယ်မင်းသိရဲ့ သားနဲ့ 
ဘာဖြစ်လို့ တစ်ခြားတစ်ယောက်လိုရဦးမှာလဲ"
သူမက လက်ကိုအတင်းရုန်းကန်လိုက်ရာ တန်ဘိုးရား၏ နံငယ်ပိုင်းအောက်မှ သန်မာထွားကြိုင်းသော စံချိန်မီကြီးကို ထိတွေ့ သွားလေသည်။
"အင်းလေ...ဖြစ်နိုင်စရာရှိပါတယ်"
သူမက သူနှင့် မျက်ဝန်းချင်းဆုံအောင်ကြည့်ရင်း အဖြေပေးလိုက်သည်၊တန်ဘိုးရားကျေနပ်ဝမ်းသာသွားပြီး သူ့ ပခုံးထက်မှသားကောင်ကိုတောင် လေးလံခြင်းမရှိတော့သလို ခံစားလိုက်မိသည်။သူပျော်ရွှင်စွာနဲ့  အိုင်ဘာ့ ရှေ့ ကနေပြေးထွက်လာလိုက်ပြီးရွာတွင်အကြီးဆုံးတဲအိမ်ကြီးရှိရာသို့ တခဏလေးအတွင်းမှာ ရောက်သွားသည်။သူ့ ပခုံးပေါ်မှသားကောင် ကို မြေကြီးပေါ်ပစ်ချလိုက်၏။
"အကိုကြီး.....မန်ဒိုးမား"
သူက ကျယ်လောင်စွာ အော်ခေါ်လိုက်သည်။
"ထွက်ခဲ့ပါဦးဗျ...ခင်ဗျားတဲရှေ့ မှာ ကျွန်တော်ကိုယ်တိုင် ဒီည စားပွဲအတွက် ပစ်လာခဲ့တဲ့ သားကောင်ရောက်နေပြီဗျ၊ထွက်ကြည့်ပါဦး"
တန်ဘိုးရား၏ အော်ခေါ်နေသောအသံကြောင့် မန်ဒိုးမားတဲအတွင်းမှ ထွက်လာခဲ့သည်။သူက သားကောင်ကိုတစ်ချက်ငဲ့ကြည့်လိုက်၏။သားကောင်၏ လည်မျိုတွင် တစ်ချက်ထဲ
သောဒဏ်ရာကို သတိပြုလိုက်မိသည်။မချီးကျူးချင်လှသော်လဲ ဝန်ခံသလိုတော့ပြောလိုက်မိရသည်။
"တစ်ချက်ထဲနဲ့ သတ်နိုင်ခဲ့တာဘဲ.....တော်တယ်...မင်းအဖိုးကြီးကာနီလီအိမ်ကိုသွားပေတော့၊ပြီးတော့မင်းကိုလူကြီးတစ်ယောက်ဖြစ်လာစေမယ့် ဖြတ်တောက်မှုအတွက်
ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ထားလိုက်တော့"
တန်ဘိုရားတယောက်ခုန်ပေါက်ပြေးလွှား၍ အဖိုးကြီးကာနီလီ တဲအတွင်းသို့ ဝင်ရောက်သွားသည်အထိ စောင့်ကြည့်နေမိပြီးမှ မန်ဒိုးမား သူ့ တဲထဲသို့ ပြတ်ဝင်လာခဲ့သည်။တဲ
ထဲတွင် အသင့်စောင့်ဆိုင်းနေကြသော မိန်းမနှင့်သားကို တွေ့ လိုက်ရသည်။ထင်ထားသည့်အတိုင်းဘဲ ဇာရာဆာက စတင်မြည်တွန်တောက်တီးပါတော့သည်။
"သေနာကောင်လေးက အောင်မြင်မှုရလာပြီမဟုတ်လား"
"ဟုတ်တာပေါ့...ဒီကောင်က အောင်မြင်မှုရလာပြီဆိုတော့ ကျွန်တော်က ဘယ်လိုလုပ်ရတော့မှာတုန်း"
ဗန်ဆူကပါ မကျေမနပ် ဝင်ပြောသည်။သားတော်မောင် စကားကိုကြားလိုက်ရတော့ ဇာရာဆာက အနီးတွင် အသင့်တွေ့ ရသော ဓါးတစ်ချောင်းကို ဗန်ဆူ့ ထံသို့  ပစ်ပေးလိုက်
လေသည်။မန်ဒိုးမားကဓါးကို ကြားထဲကနေ ကျင်လည်စွာဝင်ဖမ်းလိုက်သည်။ထို့ နောက်ဇနီးဖြစ်သူဘက်သို့ လှည့်၍
"မဟုတ်သေးပါဘူးမိန်းမရာ...ဒီလိုလုပ်လို့ ဘယ်ရမတုန်းကွ၊ မင်းနဲ့ ငါရော မင်းသားရောပါ တန်ဘိုးရားကို ဒီလိုလုပ်လို့ လုံးဝမဖြစ်ဖူး၊ ဒီကောင်လေးက ငါ့သွေးသား၊ ဟောင်ဆာမျိုး၊ငါတို့ ဒီကောင်လေးကို သတ်ပြစ်လို့ မဖြစ်ဖူး၊ တော်ကြာသူ့ ဝိညာဉ်ကငါတို့ ဘဝတစ်လျှောက်လုံးကိုလိုက်နှောက်ယှက်နေတော့မှာကွ...နားလည်လား"
"အော...ဒီလိုဆို ကျုပ်တို့ က မသာလေးကို အသက်ရှင်ခွင့်ပေးရမယ်ပေါ့လေ...ကောင်းပါလေ့....ဒါမှ ကောင်လေးအရွယ်ရောက်လာတဲ့အခါ ရှင့်ကိုမြန်မြန်သေအောင်ဆု
တောင်း၊ရှင်သေတော့ အကြီးအကဲနေရာကိုယူပေါ့ ၊ဒီတော့ ရှင်မွေးထားတဲ့ ရှင့်သားက အလကားဖြစ်ပြီပေါ့၊ ရှင်သိထားဖို့ က ရှင့်ညီသေနာကောင်လေးရှိနေသမျှရှင့်သား ဗန်ဆူ အတွက် ဘာအခွင့်အလမ်းမှမရှိတော့ဘူးဆိုတာဘဲ၊ကျွန်မကတော့ ရှင့်ညီကို အသက်ရှင်ရက်မတွေ့ ချင်တော့ဘူး၊ ဒါဘဲ"
မန်ဒိုးမား၏ လက်ဝါးစောင်းက ဘယ်ကဘယ်လို ဖြတ်ဝင်လာသည်မသိလိုက်ရ။ သူမသွားတွေ ကျင်တက်သွားပြီး ခွေခွေလေးလဲကျသွားရသည်။
"မင်းပါးစပ်ကို ပိတ်ထားစမ်း.....တစ်ခြားနည်းလမ်းတွေရှိသေးတယ်ကွ.....စောင့်ကြည့်နေလိုက်စမ်းပါ.....အားလုံးအဆင်ပြေအောင် ငါလုပ်ပေးမယ်။အေး ဟောင်ဆာသွေး
ချင်း သတ်ဖို့ ဖြတ်ဖို့ တော့ နောက်တစ်ခါထပ်မပြောနဲ့ .....ပြောရင်ဒီ့ထက်နာမယ်မှတ်"
မန်ဒိုးမားစကားကို ဗန်ဆူ စိတ်ဝင်စားသွားသည်။သူ့ အဖေမှာ ဘယ်လိုအကြံအစည်တွေရှိနေသည်ဆိုတာကို သိချင်သော်လဲ မေးရန် မဝံ့မရဲဖြစ်နေမိ၏။မန်ဒိုးမာကတော့ စိတ်
ဆိုးပြီး တဲပြင်ထွက်သွားသည်။သူ့ အဖေနောက်သို့ လိုက်သွားပြီး အနီးနားမှာ မယောင်မလည်လုပ်နေလိုက်သည်။ဗန်ဆူ သူ့ နောက်ကလိုက်လာပြီး အနားမှာ မယောင်မလည်လာလုပ်နေ
ကထဲက ဒီကောင် သူ့ အစီအစဉ်ကို စိတ်ဝင်စားနေပြီမှန်း သိလိုက်ပါသည်။
"ဗန်ဆူ.....မင်းသိချင်နေတယ်မဟုတ်လား....ဒီနားလာခဲ့...ပြောပြမယ်"
"ဘယ်လိုနည်းလမ်းတွေနဲ့ လုပ်မှာလဲ အဖေ"
"တို့ မှာရောင်းစားမယ့်ကောင်တွေ ဆယ့်ရှစ်ယောက် လှောင်အိမ်ထဲမှာရှိနေတယ်။ဆာဗန်းပူးဆိုတဲ့မုဆိုးလေးလဲအပါအဝင်ပေါ့ကွာ..သူ့ ဦးလေးက နောက်မိန်းမတယောက်
ထပ်ယူဖို့ ပစ္စည်းတွေနဲ့  အလဲအလှယ်လုပ်လိုက်တဲ့တစ်ကောင်ပေါ့။မင်းရော မင်းအမေရော ဉာဏ်မရှိကြဘူး...ငါဒီညဘဲ တန်ဘိုးရားကို ကျွန်ကုန်သည်လက်ထဲ ထည့်လိုက်တော့မလို့ 
ကွ....နားလည်ပြီလား"
ဗန်ဆူက သူ့ သွားတွေကို ဖွေးကနဲနေအောင်ပြုံးလိုက် ရင်းမှ တခဏအတွင်းအမူအရာပြောင်းသွားသည်။
"အဖေ...စဉ်းစားဦးနော်....ဒီငနဲလေးက အဖိုးကြီး ကာနီလီရဲ့ အချစ်တော်လေး..တကယ်လို့  အဖေသာသူ့ ကိုရောင်းလိုက်မှန်း အဖိုးကြီးသိသွားရင် ကျွန်တော်တို့ ကို
တစ်ရွာလုံးက အပြစ်တင်ကြလိမ့်မယ်ဗျ"
"မင်း သာသွားမပြောရင် အဖိုးကြီးက ဘယ်လိုသိနိုင်မှာလဲ"
မန်ဒိုးမား အသံက သားဖြစ်သူ၏ အူတူတူနိုင်မှုကို အားမလိုအားမရဖြစ်ဟန် အပြည့်ပါနေသည်။
"နားထောင်စမ်း...တန်ဘိုးရား ဒီညကပွဲမှာ တစ်ကိုယ်လုံး ရွှံစေးတွေနဲ့ လူးပြီးရင် အိမ်ကိုအရင်လာလိမ့်မယ်။ မင်းအလှည့်တုန်းက ဘယ်လိုတွေလုပ်ခဲ့ရတယ်ဆိုတာ မေ့
သွားပြီလား....ထုံးတမ်းစဉ်လာအရ သူ အိမ်ကိုလာပြီးသေရည် သောက်ရလိမ့်ဦးမယ်....သူ့ အတွက် အကိုဖြစ်တဲ့ ငါက အားလုံးကို ဖေးမရလိမ့်ဦးမယ်"
"ကျွန်တော့် တုန်းကလိုပေါ့"
ဗန်ဆူက ထောက်ခံစကား ဝင်ပြောလိုက်သည်။
"အေး...ဟုတ်တယ်၊ ထွီ...မင်းတုန်းက နာလွန်းလို့ ဆိုပြီး ငယ်သံပါအောင်အော်ဟစ်နေတာမှတ်မိသေးတယ်၊တော်တော် သတ္တိနဲတဲ့ ကောင်...ကဲ..ထားပါတော့လေ...
ဒီနေ့ ည တန်ဘိုးရား သေရည်သောက်တဲ့အခါ အနာသက်သာအောင် ဆေးမှုန့် ထည့်ရမှာဘဲ...အဲဒီဆေးမှုန့် ကို ပိုပိုသာသာလေးထည့်လိုက်ယုံဘဲ...အဲဒါကြောင့်လဲ သူအိပ်ပျော်သွား
လိမ့်မယ်...ပြီးတော့မှ ဒို့ က သူ့ ကို ကျွန်ကုန်သည် အာရပ်ကြီးလက်ထဲ ထည့်လိုက်မှာပေါ့....အဲ...ရောင်းစားဖို့ တော့မဟုတ်ဖူးကွ....အလကားပေးလိုက်မှာ....လက်ဆောင်ပေါ့ကွာ
နောက်တော့ ဒို့ က အဖိုးကြီး ကာနီလီကို ဒီကောင် အဖြတ်ခံရရင် နာမှာကြောက်လို့ ထွက်ပြေးသွားပြီလို့ ပြောလိုက်မှာပေါ့...အရင်ကလဲ ရွာထဲမှာ ဒီလိုဘဲ အသားနာမှာကြောက်လန့် 
ပြီးထွက်ပြေးသွားကြတဲ့ကောင်တွေ ရှိခဲ့ဘူးတာဘဲမဟုတ်လား"
"အဖေကလဲ.....ဒီကောင် သတ္တိရှိတယ်ဆိုတာ ကာနီလီကသိနေတာဘဲဟာကို"
"ဒါကို အဖိုးကြီးကာနီလီက ဘယ်လို သက်သေထူမှာတဲ့လဲ"
"အဖေကလဲဗျာ...ဒီကောင့်ကို ဘာဖြစ်လို့ အလကားပေးလိုက်မှာလဲ...ပစ္စည်းတခုခုနဲ့ လဲလိုက်ရင် ကျွန်တော်တို့ အတွက် အကျိုးရှိတာပေါ့"
ဗန်ဆူက လောဘစကားဆိုလိုက်မိသည်။
"သူ့ ကိုငါ့အနေနဲ့ ရောင်းစားလို့ မဖြစ်ဖူးကွ...သူက ငါ့အဖေရဲ့ သား....စည်းကမ်းချက်တစ်ခုနဲ့  အာရပ်ကြီးကို ပေးလိုက်မှာ....ဒီကောင် ကျွန်ကုန်သည်ဆီမှာ ပါသွားတာ
ကို ဘယ်သူမှ မသိစေရဘူး...သူ့ ကိုဝှက်ပြီးခေါ်သွားဖို့  ဂတိတောင်းရလိမ့်မယ်....ဒို့ တွေ သူ့ ကိုဘယ်တော့မှပြန်မတွေ့ နိုင်မယ့်နေရာထိ သူ့ ကိုခေါ်သွားခိုင်းရမယ်...ပြီးရင်တော့ သူ့ 
အသက်ကိုမှတ်ထားတဲ့ နတ်တိုင်ကို မီးရှို့ လိုက်ယုံပေါ့...သူမရှိတော့ရင် ငါတို့ နဲ့ မဆိုင်တော့ဘူး...သူ့ အပေါ်မှာ ဘာအမြတ်ထုတ်မှုမှ မလုပ်ခဲ့တဲ့အတွက် သူသေသွားရင်တောင်မှ ငါ
တို့ အတွက် ဘာမှလိပ်ပြာလန့် နေစရာ မလိုတော့ဘူးလေ...မင်းပါးစပ်ကိုတော့ လုံအောင်ပိတ်ထားရလိမ့်မယ်....တစ်ခုခုအသံထွက်လာရင်တော့ ရွာကပြေးဖို့ သာပြင်ပေတော့..."
အခန်း(၂)
တန်ဘိုးရား၏သိစိတ်တို့ ကတဖြည်းဖြည်းပြန်လည်ဝင်ရောက်လာကြသည်။ခေါင်းထဲမှာ မူးနောက်နေမှုကတော့ ရှိနေသေးသည်။ခန္တာကိုယ်ကို လှုပ်ရှားကြည့်တော့ လွတ်လပ်စွာ လှုပ်ရှားလို့ မရဘဲဖြစ်နေသည်။ဘာတွေဖြစ်နေမှန်း နားမလည်နိုင်ပါ။သူ့ မျက်လုံးအစုံကို ကြိုးစားပြီးဖွင့်ကြည့်လိုက်သည်။ခြေထောက်မှာရော လက်ကောက်ဝတ်မှာပါ ကြိုးများနှင့်ချည်နှောင်ထားမှန်းသိလိုက်ရသည်။ပူပြင်းခြောက်သွေ့ မှုကပါးစပ်မှသည်ဝမ်းဗိုက်ထိတိုင်အောင်မီးစနှင့်ထိုးနေသလိုခံစားနေရသည်။ပတ်ဝန်းကျင်အနေအထားကိုလေ့လာ ကြည့်လိုက်သောအခါသူ့ ဦးခေါင်းတလှုပ်လှုပ်ဖြစ်နေရခြင်းမှာ မြင်းတစ်ကောင်ပေါ်ရောက်နေ၍ဖြစ်ကြောင်းသိလိုက်ရ၏။မိမိတကိုယ်လုံးစူးစမ်းကြည့်လိုက်မိပြန်သည်။ညကလိမ်းကျံထားသော ရွှံ့ စေးများက ရှိနေတုန်းပင်ဖြစ်သည်ကို တွေ့ ရ၏။နာကျင်မှုရှိနေသင့်သောနေရာတွင် နာကြင်မှုကိုမခံစားရကြောင်းကိုလဲ သူ သတိထားမိလိုက်ပြန်သည်။အဖြစ်အပျက်ကို တစ်ခုချင်းစီပြန်စဉ်းစားကြည့်လိုက်တော့ သူ့ မှတ်ဉာဏ်များက ပြန်လည်နိုးထလာရသည်။
သူ့ အကိုတဲဆီမှနေ၍အဖိုးကြီးကာနီလီ၏တဲရှိရာသို့ သူပြေးသွားခဲ့သည်
ကာနီလီသည် ဝမ်းမြောက်စွာဖြင့် သူနှင့်အတူ လူကြီးနေရာသို့ တက်လှမ်းတော့မည့်သူများကို ရွှံ့ စေးများနှင့် လိမ်းချယ်ပေးသည်။ထို့ နောက် ကာနီလီကဦးဆောင်ပြီး လူငယ်များ၏အုပ်ထိန်းသူများရှိရာသို့  ခေါ်ဆောင်လိုက်ပို့ ခဲ့သည်။မန်ဒိုးမားနှင့်ဗန်ဆူတို့ က အဖိုးကြီးကာနီလီကို ရိုသေစွာနှင့်ကြိုဆိုနှုတ်ဆက်ကြသည်။အဖိုးကြီးပြန်လည်ထွက်ခွါသွား တော့မန်ဒိုးမားကသူ့ ဦးခေါင်းကိုလက်နှစ်ဖက်နှင့်အုပ်ကိုင်ပြီးဆုတောင်းပေးသည်။အခုကျတော့လဲသူ့ အကိုအသံက အမှန်ပင်ကြင်နာမှုအပြည့်ပါသည်ဟု တန်ဘိုးရားထင်နေမိသည်။ဆုတောင်းပေးပြီးသောအခါထုံးစံအရ သေရည်တစ်ခွက်တိုက်သည်။သေရည်ကလိုအပ်သည်ထက်ပိုခါးနေသည်လို့  ထင်လိုက်မိသေးသည်။အဲဒိနောက်မှာတော့သူရီဝေစွာနဲ့ နတ်တိုင်ကို မှီပြီးထိုင်ချလိုက်မိ၏။အဲဒီ့နောက်ပိုင်းတော့ ဘာမှထပ်ပြီး စဉ်းစားလို့ မရတော့...။
ရုတ်တရက်အားကုန်သုံး၍ မြင်းပေါ်မှလှိမ့်ချလိုက်သည်။တစ်ယောက်ယောက်ကြားပါက လာရောက်ကူညီနိုင်ရန် အသံကုန်ဟစ်အော်ပြစ်လိုက်သည်...။ကျောပေါ်သို့ 
ကြာပွတ်တစ်ချက်ကျရောက်လာသည်ကလွဲလို့ ဘာမှထူးမလာခဲ့။သူ့ အပေါ်အုပ်မိုးလာသောအရိပ်ကြောင့် ဘာကြောင့်ဒီလိုအဖြစ်မျိုးရောက်နေသည်ကို သိနိုင်မလားဟု မော့ကြည့်လိုက်
မိ၏။ကျွန်ကုန်သည် အာရပ်ကြီးအာမာဂျလာကို တွေ့ လိုက်ရသည်။ဘာမှ မေးမြန်းစရာမလိုဘဲ သူ သဘောပေါက်သွားသည်။သူ့ အကိုအရင်းက သူ့ ကိုဒီလိုဘဝမျိုးသို့ ပို့ ဆောင်လိုက်
သည်ဆိုတာကို အသည်းနာမိသည်။သူမျှော်လင့်အားခဲထားသော အိုင်ဘာနှင့် ကာမ,မဆက်ဆံလိုက်ရခြင်းအတွက် ပိုလို့ တောင်အသည်းနာမိသေးသည်။
တန်ဘိုးရားကိုငုံကြည့်နေသောမျက်ဝန်းအစုံက နက်မှောင်နေလေသည်။နုပျိုသောမျက်နှာတွင် ရိုင်းစိုင်းရက်စက်မှုတို့ ကပေါ်လွင်နေသည်။ပါးလွှာသောနှုတ်ခမ်းများမှ
နှေးကွေးလေးလံသော ဟောင်ဆာ စကားကတိုးညင်းစွာထွက်ပေါ်လာသည်။
"ကောင်လေး...မင်းက တန်ဘိုးရား၊ငါက ဇင်းဒါးမြို့ က ဆူ(လ်)တန်ရဲ့ သား အာမာဂျလာဘဲပေါ့ကွာ..ဟောဒီ အုပ်စုတစ်ခုလုံးက ငါ့ရဲ့ ကျွန်အုပ်စုဘဲ..ဒီတော့ မင်းဟာ
လဲကျွန်တစ်ယောက်ပဲပေါ့၊ခုချိန်မှာ မင်းက မန်ဒိုးမားရဲ့ အရိုက်အရာကိုဆက်ခံရမယ့်သူ မဟုတ်တော့ဘူး၊ဒီတော့ မင်းဟာ ဒီမှာ ဘာမှမဟုတ်တော့ဘူး၊မင်းစီးလာခဲ့တဲ့မြင်းတစ်ကောင်
လောက်တောင် မင်းဟာ တန်ဘိုးမရှိတော့ဘူး၊ဒါကြောင့် မင်းငါ့စကားကိုနားထောင်ပြီး ကောင်းကောင်းမွန်မွန်လိုက်ခဲ့ပါ...ငါမင်းကို အနာတရ မဖြစ်စေချင်ဘူးကွ..ကိုယ့်ကိုကိုယ် သတ်
သေဖို့ ကြိုးစားမယ်...ဒါမှမဟုတ်..ဟိုအကောင်လို ကလိမ်ကျမယ်ဆိုရင်တော့ မင်းကို မြေပေါ်ချပြီး ပုရွက်ဆိတ်အစာကျွေးပြစ်မယ်"
တန်ဘိုးရားကြိုးစား၍ ထရပ်လိုက်သည်။အာမာဂျလာ၏ ကျွန်ယုံတစ်ယောက်ဖြစ်သော အားကင်းက သူ့ လက်မဲကြီးများနှင့် ဖေးကူလာသည်။ပြီးတော့ အာမာဂျလာ
၏ နူးညံသောလက်နှစ်ဖက်က သူ၏ အသားစိုင်များ၊ဝမ်းဗိုက်၊တင်ပါးဆုံ ခြေထောက် နောက်ဆုံး မွေးရာပါ ထွားကြိုင်းသန်မာလှသော လိင်တံကြီးကိုပါ ကိုင်တွယ်ကြည့်သည်။အာမာဂျ
လာက သူ့ လက်မှာပေကျံသွားသော ရွှံစေးခြောက်များကို အားကင်း၏ အဝတ်များမှာသုတ်လိုက်ပြီးဆက်ထွက်ရန် အမိန့် ပေးလိုက်လေသည်။
သူတို့ တွေမြစ်ကမ်းပါးသို့ ရောက်သောအခါ တန်ဘိုးရားတော်တော်လေးအံသြသွားမိရသည်။သူတို့ ရွာအနီးတွင်ရှိသောချောင်းမှာ နွေအခါတွင် ရေများခမ်းခြောက်သွားပြီး မိချောင်းများ၏ ကျောကုန်းများကိုတောင်မြင်နေရသည်။အခုကျတော့သူဘယ်တုန်းကမှမကြားဖူးမမြင်ဖူးသောရေပြင်ကျယ်ကြီးကိုမျက်ဝါးထင်ထင်တွေ့ မြင်လိုက်ရသည်မဟုတ်ပါလား။ ဒီနေရာသို့ မရောက်ခင်သူတို့ တစ်တွေသည်ပူပြင်းခြောက်သွေ့ သောနေရာများ၊သစ်ခြောက်ပင်တွေချည်းပြည့်နေသောနေရာ၊ရွှံ့ နွံများထူပြောသောနေရာ၊နေပျောက်
မထိုးနိုင်လောက်အောင်အုပ်ဆိုင်းသော တောအုပ်ကြီး၊မှက်..ခြင်...ယင်...ပိုးမွှားများပေါများလွန်းသည့်နေရာ..စသည်..စသည်ဖြင့် ကျော်ဖြတ်ခဲ့ကြရသည်။သူတို့ အုပ်စုထဲတွင်
အမျိုးသမီးငယ်များ၊သားသည်မိခင်များနှင့် ကိုယ်ဝန်ဆောင်များပါ ပါဝင်သည်။
မြစ်ကမ်းတစ်လျှောက်တွင်ဆိုက်ကပ်ထားသောကနူးလှေကြီးများကို ရေတွက်ကြည့်မိရာသူ့ လက်ချောင်းလေးများကုန်။သွားတာတောင် မြောက်များစွာကျန်နေသေးကြောင်း
တန်ဘိုးရားတွေ့ လိုက်ရ၏။ကနူးလှေကြီးများမှာ ကြီးမားလှသောကြောင့် တစ်စီးကို လူဆယ်ယောက်ကျော်ကျော်လောက်တော့ စီးနိုင်လိမ့်မည်ဟု သူခန့် မှန်းမိလိုက်သည်။သူတို့ ကို ချည်နှောင်ထားသော အနှောင်အဖွဲ့ များကို လွှတ်ပေးလိုက်ပြီဖြစ်သော်လဲတစ်ဦးနှင့်တစ်ဦးလည်ပင်းချင်းချိတ်ဆက်ချည်နှောင်ထားသောကြိုးများကိုတော့ ဖြည်ပေးခြင်းမရှိပေ။ကနူးလှေ
ကြီးများပေါ်သို့ တစ်ဦးချင်း တက်စေသည်။လည်ပင်းတွင်ချည်ထားသောကြိုးကြောင့် အတွဲလိုက်ကြီးဖြစ်နေရ၏။ရေထဲသို့ ပြုတ်ကျမသွားရအောင်အချင်းချင်းသတိပေးနေရသည်။သူတို့ 
အတွက် စားစရာများ အဆင်သင့်ရှိနေသော်လဲ ထည့်စားရန်ဖက်ရွက်က မရှိသောကြောင့် လက်ခုပ်ထဲမှာဘဲ တရိစ္ဆာန်များလို ဂမူးရှူးဒိုး စားလိုက်ရသည်။မစားချင်လှသော်လဲ အစာရှိမှ
ခွန်အားရှိမည်ဖြစ်သောကြောင့် ကျိတ်မှိတ်မျိုချပြစ်လိုက်မိသည်။လှေတစ်စီးပြီးတစ်စီး လူများတင်ဆောင်ပြီးသွားသောအခါသူတို့ တွေသည် မြစ်ရိုးတစ်လျှောက်စုန်ဆင်းခဲ့ကြတော့သည်။
လှေပေါ်ရောက်သောအခါမှ သူနှင့်မလှမ်းမကမ်းတွင်ရှိသော မြင်ဖူးသလိုရှိနေသော မျက်နှာတစ်ခုကိုတွေ့ လိုက်သည်။မုဆိုးလေး ဆာဗန်းပူး ဖြစ်နေ၏။မိမိနှင့် သိကျွမ်းသူတစ်
ဦးကို တွေ့ လိုက်ရသောကြောင့် တန်ဘိုးရားအားတက်သလိုဖြစ်ရသည်။တစ်ရွာထဲသားချင်းဖြစ်သောကြောင့် အတူတကွရင်ဆိုင်ကျော်ဖြတ်ရပါက အားတစ်ခုပင်မဟုတ်လား။ဆာဗန်းပူး
ကလဲ တန်ဘိုးရားကိုတွေ့ လိုက်ရသောကြောင့် နေရာရွှေ့ လာသည်။တစ်ဦးနှင့်တစ်ဦး ပြုံးပြမိကြ၏။နှုတ်ဆက်ပြုံးလား အားပေးပြုံးလားဆိုတာကိုတော့ သူတို့ ကိုယ်တိုင်လဲမကွဲပြားပေ။
"ဘယ်လိုဖြစ်ရတာလဲ တန်ဘိုးရား"
"ငါ့ အကို စနက်ပေါ့ကွာ...ပြောရရင်အသည်းနာစရာပါ...ဒါနဲ့  မုဆိုးလေးကရော..ဘယ်လိုဖြစ်လို့ ဒီမှာပါလာရတာလဲ"
"ငါ့ဦးလေးလေကွာ....သူမိန်းမနောက်တစ်ယောက်ယူချင်တာနဲ့  ငါ့ကိုရောင်းစားလိုက်တာ"
"ဒါဆို...မင်းကို ပစ္စည်းတွေနဲ့ ရောင်းစားတာကို ကြိုသိနေရဲ့ သားနဲ့ လိုက်လာတာလား"
"မသိပါဘူး...အေးလေ နေစရာမရှိဘဲရွာပြေးဘဝနဲ့ နေရမှာထက်စာရင် ကျွန်ဖြစ်ရတာက ပိုကောင်းမယ်လို့ ထင်တာဘဲ"
ဆာဗန်းပူးက တန်ဘိုးရားမေးခွန်းများကိုဖြေနေရတာ စိတ်မပါသောကြောင့် စကားလမ်းကြောင်းပြောင်းလိုက်သည်။ထိုအကြောင်းတွေကို ပြန်ပြောင်းပြောဆိုနေလို့ ဘာမှမထူးခြားနိုင်
တော့မှန်း သူသိထားသောကြောင့်ဖြစ်သည်။
"ဒို့ တွေဟာ ဒီမြစ်ကြောင်းအတိုင်းဆုံးအောင်သွားရမယ်၊ပြီးတော့ ဒီ့ထက်ကြီးတဲ့ လှေကြီးတွေပေါ်တက်ကြရမယ်၊အဲဒိလှေကြီးတွေက ခုလိုမျိုးလှော်တက်မရှိဘူး၊ငှက်များလို
တောင်ပံဖြူဖြူကြီးတွေနဲ့ တဲ့ကွ....ငါတော့အဲဒီလိုကြားဖူးတာဘဲ၊ လှေကြီးတွေနဲ့ ခရီးဆုံးရင်တော့ လွပ်လပ်တဲ့ ကမ္ဘာတစ်ခုကိုရောက်လိမ့်မယ်...အဲဒီ့မှာ မိန်းမတွေသိပ်ပေါတာဘဲတဲ့၊
ဒီတော့ ဒို့ တွေက သစ်ပင်ပေါ်ကသစ်ရွက်တွေထက် ပိုများတဲ့ကလေးတွေမွေးနိုင်အောင်လုပ်ကြတာပေါ့ကွာ...စားမယ်...အိပ်မယ်...မိန်းမတွေနဲ့ ဆက်ဆံမယ်..အဲဒီလိုဘဝမျိုးကို ငါ
တော့ သဘောကျသဟေ့.....ရွာမှာနေပြီး ညကပွဲဖြစ်လို့  မှောင်ထဲမှာ ကောင်မလေးတွေကို အတင်းလိုက်ဖမ်းနေရတာထက်စာရင် အများကြီးသာတာပေါ့ကွာ"
တန်ဘိုးရား အတန်ကြာတိတ်ဆိတ်သွားသည်။ဆာဗန်းပူးပြောတာအမှန်တွေဖြစ်နိုင်သလို လုပ်ကြံပြောဆိုနေခြင်းလဲဖြစ်နိုင်ပါသည်။သူလဲ ရွာကိုအရမ်းကြီးပြန်ချင်လှတယ်
မဟုတ်ပါ။သူ့ ကို မလိုလားသူ သုံးယောက်လဲ ရှိနေကြသည်မဟုတ်လား။မန်ဒိုးမားသေရင် သူဘုရင်ဖြစ်နိုင်ပေမယ့် မန်ဒိုးမားက တော်တော်နှင့်သေနိုင်ဦးမည်မဟုတ်၊သန်တုန်းမြန်တုန်း
ဘဲ ရှိနေသေးသည်။ရွာနီးဝင်းကျင်မှလွဲ၍ ဘယ်ကိုမှ မရောက်ဖူးသောကြောင့် ခုလိုသွားနေရတာကို နှစ်ခြိုက်မိသလိုရှိသော်လဲ စိတ်ထဲမှာ မပျော်နိုင်သည့်အကြောင်းကရှိနေသည်။
"မင်းအတွက်ကတော့ ဟန်ကျပါတယ်ဆာဗန်းပူးရာ...တကယ်လို့ သာတစ်ညလောက် အချိန်ပိုရခဲ့ရင်တော့ ငါဟာ တကယ့်ယောက်ကျားတစ်ယောက်ဖြစ်နိုင်ပါသေးတယ်...
ခုတော့ ငါဘယ်လိုမိန်းမရနိုင်တော့မှာလဲကွာ"
"မင်းက မဟုတ်တဲ့စကားတွေပြောပြီး အားငယ်နေတာကိုးကွ၊မင်းဒီအတိုင်းလဲ မိန်းမရနိုင်ပါတယ်ကွာ....ငါတို့ ရွာမှာသာ အဲဒီကိစ္စတွေအယူသည်းနေတာ...အဲဒီအယူတွေက
ုအာဖရိကတိုက်တစ်ခုလုံး လက်ခံထားတာမဟုတ်ပါဘူးဟ"
"အေး...သူပြောတာဟုတ်တယ်ကွ...ကောင်လေးရ...နောက်တော့ မင်းသိလာမှာပါကွာ"
သူတို့ နှစ်ယောက်ပြောဆိုနေသည်ကို ဘေးကနေတစ်ချိန်လုံးကြားနေရသော အမ်ဒေါင်းက ဝင်ရောက်၍ ထောက်ခံပြောဆိုလိုက်ခြင်းဖြစ်သည်။
"ဒါ အမှန်ဘဲလား...ဆာဗန်းပူး"
သူ၏ သောကတွေ....ဝေဒနာတွေ....ပျောက်ကွယ်သွားပြီး လွန်စွာဝမ်းသာသွားသော တန်ဘိုးရားက သေချာအောင်ထပ်မေးလိုက်ခြင်းဖြစ်၏။
"ဟုတ်တယ်...တန်ဘိုးရား...အမှန်တကယ်ဘဲကွ..သွေးအန်ရစေရဲ့ "
ဆာဗန်းပူးကကျိန်၍ပင် ပြောလိုက်ပြန်လေသည်။
"ကောင်းတယ်...ဒီလိုဆိုရင် မင်းတို့ နဲ့ အတူ ငါပျော်ပျော်ကြီးလိုက်ခဲ့တော့မယ်ကွာမင်းပြောသလို တစ်ခြားကမ္ဘာမှာကလေးတွေအများကြီးမွေးအောင်လုပ်ရမယ်။
တခုတော့ရှိတယ်ကွ.."
"ဘာတခုရှိတာလဲကွ"
"အိုင်ဘာလေကွာ...လေယွန်ဘာရဲ့ သမီးလေ....ငါ သူ့ ကိုလိုးရခါနီးဆဲဆဲကျမှကွာ..."
တန်ဘိုးရားက နှမျောတသနေသောလေသံနှင့် ငြည်းငြူသလိုပြောလိုက်မိခြင်းဖြစ်၏။
"အဲဒီကောင်မလေးကို ငါသိပါတယ်ကွာ...မေ့ထားလိုက်စမ်းပါ...ရွာမှာရှိတဲ့မိန်းကလေးတွေထဲမှာ သူဟာအဆင်းရဲဆုံးနဲ့ သုံးလို့ မကောင်းဆုံးပါကွာ"
"မင်းက စားဘူးထားတဲ့ကောင်ဆိုတော့ ပြောအားရှိတာပေါ့ကွာ...အေးပါ...မင်းပြောသလိုကြီးဆိုရင်တော့ သူ့ ကိုငါ သတိရမနေတော့ပါဘူး....မင်းပြောတဲ့ကမ္ဘာသစ်ကို
ရောက်မှဘဲ စားလိုက်၊အိပ်လိုက်လိုးလိုက်နဲ့ ....ကောင်းတယ်ဟေ့...ကျေးဇူးဘဲ...ငါပျော်သွားပြီဆာဗန်းပူးရေ"
တန်ဘိုးရားက ရင်ကိုကော့၍ ကိုယ်ကိုမတ်ထားလိုက်သည်။
"ကဲ....ဒီလိုဖြင့်လဲ အိပ်တော့ကွာ"
ဆာဗန်းပူးက သူ့ ကိုယ်သူ နေလို့ သက်သာအောင်လုပ်ရင်းပြောလိုက်သည်။တစ်ယောက်ကိုတစ်ယောက်မှီရင်းအိပ်ပျော်သွားကြသည်။နောက်နေ့ ....နောက်နေ့ .....
နောက်နေ့ ......ဒီလိုနှင့် ခရီးဆက်ရသည်မှာရှစ်ရက်မြောက်ကြာသည်အထိပင်ဖြစ်လေတော့၏။
အခန်း(၃)
အာဖရိကရွှေကမ်းရိုးတန်းဟုခေါ်ဆိုသောနေရာက အက်ကာမြို့ မှသည် တောင်ဘက်ရှိလိုရန်ဒါမြို့ ထိအောင်ရှည်လျားလွန်းလှသည်။
ရွှေကမ်းရိုးတန်းတစ်လျှေက်ရှိအရာအားလုံးကိုသူမုန်းတီးနေမိသည်မှာကြာပေပြီ။
ရှည်လျားထွေပြားလှသောသူ့ နာမည်ကို"မွန်ဂိုဒွန်"ဟုသာအများကပိုသိကြသည်။
မွန်ဂိုဒွန်ကသူ့ မျက်လုံးများကို ဖြေးဖြေးချင်းဖွင့်လိုက်သည်။ အိပ်ရာကနိုးတိုင်း အဖန်တလဲလဲတွေ့ မြင်နေရသောမြင် ကွင်းများကိုမုန်းတည်းမိသည်မှာ မဆန်းဟုသူ့ ကိုယ်သူထင်နေသည်။
စတာလင်ပေါင်မြောက်များစွာအမြတ်ထွက်နေခြင်းကြောင့်သာ အောင့်အီးနေရခြင်းဖြစ်သည်။
သူကမီးခိုးရောင်သန်းနေသောအိပ်ရာခင်းကိုကြည့်လိုက်မိပြန်သည်။
ဒီလိုအရောင်ဖြစ်ရလောက်အောင်လဲအမြဲတစေ လျှော်ဖွပ်တိုင်း နိုင်ဂါမြစ်ရေကိုသာ အသုံးပြုနေရသည်မဟုတ်ပါလား။
ညစ်ပတ်လိုက်သည်ဖြစ်ခြင်း၊ ညစ်ပတ်လိုက်သမှ သူ့ဘေးနားတွင်အိပ်မောကျနေသော နီဂရိုးအစေခံမ နှင့်မတိမ်းမယိမ်းပင်။
သူမပါးစပ်မှခုချိန်ထိတိုင်အောင် အရက်နံ့ ကတထောင်းထောင်းထနေဆဲ...။
သူခြေထောက်နှင့် လှုပ်ကန်နှိုးလိုက်တော့ အစေခံမက လန့် နိုးသွားသည်။
သူမက ရုတ်တရက်ထထိုင်လိုက်ပြီး လက်ကိုနောက်သို့ ပြစ်ကာ ဦးခေါင်းကိုငုံ့  ထား လိုက်သည်။
"ရှင်ကျွန်မကို အလိုမရှိတော့ဘူးလားဟင်"
သူမက အသနားခံစကားဆိုလိုက်မိသည်...။
"မင်းရဲ့ သောက်သုံးမကျတဲ့ အပေါက်ကိုပိတ်ထားပြီး မြန်မြန်ထွက်သွားစမ်းပါ ဆင်မည်းမလေးရဲ့ ...သွားလေ...မင်းငါပြောတာကြားတယ်မဟုတ်လား"
တံခါးပေါက် ကိုလက်ညှိုးထိုးပြရင်း မွန်ဂိုဒွန်ကပြောလိုက်ခြင်းဖြစ်၏။
"မြန်မြန်ထွက်သွားစမ်းပါကွာ.....ငါဒေါသထွက်လာရင် မင်းရဲ့ ပြားနေတဲ့နှာခေါင်းလေး ပိုပြီးပြားသွားဦးမယ်"
အမဲမလေး ဂျိုဘီးနားထရပ်လိုက်ပြီး သူမ၏အဝတ်များကို ကောက်ယူဝတ်ဆင်လိုက်သည်...။
အဝတ်များက ကောက်ကြောင်းများထင်ရှားပေါ်လွင်နေသော သူမ၏ကိုယ်လုံးအား ဖုံးအုပ်လိုက်နိုင်သော်လဲ အကျည်းတန်လှသော သူမ မျက်နှာကိုတော့ ဖုံးကွယ်ခြင်းငှာ မစွမ်းသာ...။
"ကျွန်မ သွားပါတော့မယ် မာစတာ မွန်ဂိုရှင့်"
သူမ၏ အသံတည်တည် တန့် တန့် ဖြစ်သွားသည်။
မွန်ဂိုဒွန်လို ကျန်းမာမှုမပြည့်စုံသော အသက်ကြီးကြီးအဖိုးကြီးထက်သာလွန်သော နီဂရိုးအစောင့်ကောင်တွေ သူမရဲ့ ချစ်သူအဖြစ်ရှိနေကြသည်လေ။
"ကောင်းပြီ..အခုထွက်သွားတော့...ဒီညလဲပြန်မလာခဲ့နဲ့ ...စကော့ဆိုတဲ့ ငနဲ သူ့ လှေတွေဝင်လာမှာကို ဒီကလာစောင့်လိမ့်မယ်...သူပြန်မသွားမချင်း မင်းငါ့ဆီကို မလာခဲ့
နဲ့ ....နားလည်လား"
"နားလည်ပါတယ်...မာစတာမွန်ဂို...သူရှိနေရင် ကျွန်မ..မလာတော့ပါဘူး"
"အေး...ကောင်းတယ်...မင်းထွက်သွားရင် ငါ့အတွက်ကော်ဖီပူပူတစ်ခွက်နဲ့ ပေါင်မုန့် ယူခဲ့ဖို့ ငါ့ရဲ့ အမည်းကောင်မတစ်ယောက်ကို ပြောလိုက်စမ်းပါ...ပြီးတော့ မစ္စတာ
ဂျိုနသန်ကို မတွေ့ တွေ့ အောင်ရှာခဲ့လို့ ...ဟုတ်ပလား"
သူမတံခါးဖွင့်ပြီးထွက်သွားတာကို စောင့်ကြည့်နေလိုက်ပြီး "ချီးထဲမှ...ဒီမှာနေရတာ အလကားဘဲ" ဟုညည်းညူရင်း သူ့ စိတ်က ဟာဘားနားမြို့ ကိုပြန်ရောက်နေမိသည်။
အာဖရိကတိုက်ကို သူငြီးငွေ့ နေပြီဖြစ်သည်။
ရမ်အရက်....အစေခံ အမည်းမလေးများနှင့် ကျွန်ကုန်ကူးခြင်းအလုပ်...
လုပ်ငန်းကြီးတစ်ခုလုံးက သူ့ ပခုံးထက်တွင် တာဝန်ကြီးတစ်ခုလို ရှိနေခဲ့သည်မှာကြာပြီမဟုတ်ပါလား။
ဘယ်လောက်ပဲ တစ်ယောက်ယောက်က အမြဲတစေ သန့် ရှင်းနေသော်လဲ ပူပြင်းမှု...ငှက်ဖျားနှင့် ညစ်ပတ်မှုတို့ ကို ဖယ်ထုတ်နိုင်မည်မဟုတ်ပေ...။
အာရပ်တွေလာလိမ့်ဦးမည်။
သူတို့ နှင့်အတူ ကျွန်တွေထပ်ပါလာဦးမည်မို့ အလုပ်ရှုပ်ရလိမ့်ဦးမည်။
တစ်ရက်နှစ်ရက်ကြာလျှင်..."သြဂတ်(စ်)တပ်(စ်)" သင်္ဘောဆိုက်ရောက်လိမ့်မည်။
ထိုအခါ သင်္ဘော ကပ္ပတိန် မက်ဖာဆင်တစ်ယောက် စကားမပြတ်ပြောရင်း သင်္ဘောပေါ်မှဆင်းလာလိမ့်မည်။
ကျွန်တွေကို စစ်ဆေးဦးမည်။
အမည်းမလေးတွေရဲ့  ပစ္စည်းထဲသို့ လက်ညှိုးနှင့်ထိုးစမ်း၍ ကျန်းမာမှုရှိရဲ့ လားဆိုတာ စစ်ဆေးပေလိမ့်ဦးမည်။
တကယ်တော့ ဒီမှာက အသက်ငယ်တယ်ဆိုရင်သော်တောင်မှ အပျိုစစ်က ရှားပါးလွန်းသည်ဆိုတာ မသိလေရော့သလား.......။
သူ့ ကိုယ်သူ စပိန်ဘုရင်လောက်ထင်နေတဲ့  အာမာဂျလာဆိုတဲ့ အာရပ်ကောင်ကလဲ ဒီနေ့ ရောက်လာလိမ့်ဦးမည်။
မွန်ဂိုဒွန်အတွက်...အတွေးနဲ့ တောင်မှ စိတ်ပျက်စရာကောင်းလွန်းလှပေသည်။
မွန်ဂိုဒွန်တစ်ယောက် အိပ်ရာထက်မှ ထထိုင်လိုက်ရင်း ခြေနှစ်ချောင်းကိုဆန့် ၍ အညောင်းဖြေလိုက်သည်။
သူ့ တစ်ကိုယ်လုံးတွင် ရေချိုးထားသလို ချွေးများရွှဲနစ်နေပေမယ့် တကယ်တော့ သူ့ တွင်ရေချိုးရန်ပင် အချိန်မရခဲ့ ...။
မုတ်ဆိတ်တွေကိုလဲ ရိတ်ပြစ်ရန်ရှိနေသေးသည်။
မျက်နှာက မုတ်ဆိတ်များကို လက်နှင့်ပွတ်သပ်ရင်း ညတုန်းက ဂျိုဘီးနားဆိုသော အမည်းမလေး၏ ချောမွေ့ သောအသားစိုင်များနှင့်ပွတ်သပ်ခဲ့ရပုံကို သတိရလိုက်မိသည်။
ရုပ်ရည်သွင်ပြင်က နှစ်မြို့ စရာမကောင်းလှသော်လဲ ထိတွေ့ ခံစားရမှုကတော့ ပြောစရာမရှိအောင်ကောင်းမွန်လှသည်။
သူမကချည်းဦးဆောင်သွားနိုင်သည်။သူ ကတော့ ခုတင်ပေါ်မှာ အေးဆေးစွာလဲလျောင်းနေရုံဘဲဖြစ်သည်။
စဉ်းစားမိလိုက်သောကြောင့် သူ့ လိင်တန်က သွေးပေါင်ပြည့်ချင်သလိုဖြစ်လာသော်လဲ အသက်ရွယ်ကြောင့် တခဏနှင့်ပင်ပြန်ကျသွားရသည်။
ဗီရိုထဲမှ အဝတ်တစ်စုံကိုဆွဲယူဝတ်ဆင်နေတုန်းမှာဘဲ တံခါးခေါက်သံကပေါ်ထွက်လာသည်။
"ဘယ်သူလဲ...ဝင်လာခဲ့လေကွယ်...တံခါးဖွင့်ထားပါတယ်"
တံခါးချပ်အသာဟသွားပြီးနောက် သူ၏တူတော်သော ဂျိုနသန် ဝင်ရောက်လာခဲ့သည်။
"မင်းရောက်လာတာနဲ့ အတော်ဘဲ...ဒီနေ့ လုပ်စရာအလုပ်တွေအများကြီးရှိနေတယ်ကွ"
ဂျိုနသန်က မွန်ဂိုဒွန်နှင့် မတူဘဲ ကွဲပြားခြားနားလှပေသည်။
မွန်ဂိုဒွန်က အသက်ကြီးကာ အိုနေပေပြီ။
ပြီးတော့ ရွှေကမ်းခြေ၏ ဒဏ်ကို အလူးအလှိမ့်ခံထားရသူဖြစ်သောကြောင့် နွမ်းနယ်လှပြီဖြစ်သည်။
ဂျိုနသန်ကတော့ ဒီကိုရောက်လာတာ လပိုင်းလောက်သာရှိသေး၏။
လီဗာပူး(လ်)မြို့ မှာနေ၍ ကျွန်အလုပ်ရုံကြီးကို ကွပ်ကဲနေရာမှ အာဖရိကကို အတွေ့ အကြုံလိုချင်သောကြောင့် ရောက်လာခဲ့သူဖြစ်သည်။
သူတို့ တူဝရီးက ကြီးကျယ်လှသောစတိုးဆိုင်ကြီးတွေတင်မက...လီဗာပူး(လ်)မြို့ နှင့်ဟာဗားနားမြို့ ရှိအိမ်ကြီးများ...ရုံးကြီးများပိုင်ဆိုင်နေကြသလို အာဖရိကရွှေကမ်းရိုး
တန်းမှာလဲ အလုပ်ရုံကြီးသုံးရုံကိုပင် ပိုင်ဆိုင်ထားကြပေပြီ။ယခု မွန်ဂိုဒွန်နေထိုင်သော 'ရန်ဒို' ရဲတိုက်ကြီးကတော့ အကြီးဆုံးဖြစ်သည်။
လက်ရွေးစင်ကျွန်များကို အတ်တလန်တိတ် သမုဒ္ဓရာကို ဖြတ်ကျော်ပို့ ဆောင်ပေးနေသောလုပ်ငန်းက အကျိုးကျေးဇူးကြီးမားလှသည်မဟုတ်ပါလား။
လီဗာပူး(လ်)မှ သူတို့ လာခဲ့စဉ်က လူသုံးကုန်ပစ္စည်းများနှင့် အလဲအလှယ်ပြုလုပ်ကာ ကျူးဘားသို့ ကိုယ်ပိုင်သင်္ဘောများနှင့် ဖယောင်း၊ရေနံ..ရွှေများနှင့်အတူ ကျွန်များကိုပါ စမ်းသပ်ကုန်သွယ်ကြည့်ခဲ့ရာမှ အကွက်ကောင်းမိကာ တိုးတက်ကြီးပွားခဲ့ခြင်းဖြစ်သည်။
အမြတ်အစွန်းအထွက်ဆုံးက အာဖရိကတိုက်မှ လူမည်းကလေးများနှင့် အမျိုးသမီးများဖြစ်လေသည်။
ယက္ခုပင် ကမ္ဘာသစ်မှာ အမည်းမျိုးစေ့များ ပျံနှံနေခဲ့ပြီမဟုတ်ပါလား....။
"ဟေ့....မင်းပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ထားရဲ့ နော်"
မွန်ဂိုဒွန်က စိတ်မချဟန်နှင့်မေးလိုက်ခြင်းဖြစ်ပေသည်။
ယနေ့ ရောက်လာမည်ဆိုသော ကျွန်ကုန်သည် အာမာဂျလာဆိုသည့်ကောင်က ကိုယ်တိုင်က အာဖရိကသွေးစပ်သော်လဲ စပိန်ဘုရင်တစ်ပါးလို ခမ်းနားကြီးကျယ်ကာ စောက်ကြီး
စောက်ကျယ်နိုင်သော်လဲ စီးပွားရေးအရ အဆင်ပြေအောင်ဆက်ဆံရမည်ဖြစ်သောကြောင့် လိုအပ်မှုမရှိစေရန် ဂရုစိုက်နေရသည်။
"လုပ်ငန်းအတွက်ကတော့ ပူမနေပါနဲ့ ဦးလေး...ကျွန်တော် အားလုံးစီစဉ်ထားပါတယ်"
"အစားအသောက်အတွက်ရော...ပြင်ဆင်ထားရဲ့ လား.."
"ဆိတ်ဆယ်ကောင်ကို သတ်ပြီးထားတာက ကျွန်တွေအတွက်...သိုးသုံးကောင်ကတော့ အာမာဂျလာနဲ့ အဖွဲ့ ဝင်တွေအတွက်ပါခင်ဗျ"
"အေး...အေး.....လက်ဆောင်ပစ္စည်းအတွက်လဲ မင်းစီစဉ်ထားပြီးသားထင်ပါရဲ့ ကွာ...လိုအပ်ရင် ငါတို့ စတိုခန်းထဲကထုတ်လိုက်ပေါ့ကွာ...ဟော..လာပြီထင်တယ်ဟေ့"
မွန်ဂိုဒွန်က ထရပ်လိုက်ပြီးနားစွင့်နေလိုက်သည်။
ရှေ့ ဆုံးမှ ဦးဆောင်လာသော ကနူးလှေပေါ်မှ စည်းချက်ကျကျ ဗုံသံက လေထဲမှ လွင့်ပျံလာ၏။
ရန်ဒို ရဲတိုက်ကြီးအတွင်းတွင် လှုပ်လှုပ်ရွရွ ဖြစ်ကုန်ကြသည်။
မွန်ဂိုဒွန်နှင့် ဂျိုနသန်တို့ ဆိပ်ကမ်းကိုရောက်တော့ အာရပ်ဝတ်စုံ ဖြူဖြူပွပွကြီးကိုဝတ်ဆင်ထားသော အာမာဂျလာက ကုန်းပေါ်သို့ တောင်ရောက်နှင့်နေပေပြီ။
တစ်ယောက်ကိုတစ်ယောက်နှုတ်ဆက်ပြီးသောအခါ အလုပ်ရုံကြီးထဲမှ သေနတ်ပစ်ဖောက်သည့်အသံတို့ ပေါ်ထွက်လာသည်။
အာမာဂျလာက သေနတ်သံကိုလိုက်လံရေတွက်ရင်း နှစ်ဆယ့်တစ်ချက်ရှိကြောင်းသိလိုက်ရသောကြောင့် ကျေနပ်သွားသည်။
ဒီလိုပစ်ဖောက်မှုမျိုးက မင်းမျိုးမင်းနွယ်တွေအတွက်သာ လုပ်လေ့ရှိသည်မဟုတ်ပါလား.....။
ထို့ နောက်တွင်တော့ မွန်ဂိုဒွန်၏ ရန်ဒိုရဲတိုက်ကြီးရှိရာသို့ သွားရောက်ရန်ခြေလှမ်းပြင်လိုက်လေတော့သည်။
လမ်းတစ်လျှောက်တွင်တော့ ပူပြင်းခြောက်သွေ့ မှု၏ပြယုဒ်အဖြစ် ဖုန်များအလိမ်းလိမ်းထလျှက်ရှိနေပါလေသည်...........။
မွန်ဂိုဒွန်က ကျယ်ပြန့် သောဆင်ဝင်အောင်ရှိလှေကားအတိုင်း အာမာဂျလာကိုတက်စေလိုက်၏။
အပေါ်သို့ ရောက်သောအခါ သူအသုံးပြုနေသော ကုလားထိုင်ထက် ပိုမိုသာလွန်အောင်မွန်းမံထားသော လှပသောကုလားထိုင်ကို အသုံးပြုရန် ညွှန်ပြလိုက်သည်။
အာမာဂျလာက သဘောကျသွားဟန်ဖြင့် ထိုင်ချလိုက်သည်။
ဘယ်လောက်ပင်အမြင်ကပ်စေဦးတော့ မျက်နှာပေါ်တွင် ပေါ်လွင်မနေအောင် ထိန်းချုပ်ထားနိုင်ခြင်းက မွန်ဂိုဒွန်၏ ထူးခြားကောင်းမွန်သော အရည်အသွေးပင်ဖြစ်သည်။
အာမာဂျလာက စကားစတင်ပြောဆိုလိုက်သည်။
"ကျွန်ုပ် အာမာဂျလာက သင့်အိမ်ပေါ်သို့ ငြိမ်းချမ်းခြင်းကို ယူဆောင်လာခဲ့ပါတယ် မိတ်ဆွေကြီး မွန်ဂိုဒွန်"
"ဟုတ်ကဲ့....သင်လဲ ဒီနေရာမှာ ငြိမ်းချမ်းခြင်းကို ရှာဖွေတွေ့ ရှိပါလိမ့်မယ်မိတ်ဆွေကြီးခင်ဗျား"
အပြန်အလှန်လောကဝတ်ပြောဆိုပြီးနောက် သူတို့ တွေ အတန်ကြာအောင် တိတ်ဆိတ်စွာထိုင်နေမိကြသည်။
အာမာဂျလာက အသင့်ပြင်ဆင်ထားသော လက်ဆောင်ပစ္စည်းများကို ဝေ့ဝဲကြည့်ရှုရင်း လောဘတက်လျှက်ရှိနေသည်။
မွန်ဂိုဒွန်က ဂျိုနသန်အား လက်ဆောင်ပစ္စည်းများကို တစ်ခုချင်းယူဆောင်၍ ပြခိုင်းလိုက်သောအခါတွင်မူ အာရပ်ကြီးက စိတ်မဝင်စားဟန်နှင့် ကြည့်ရှုလေသည်။
မီးအိမ်ကိုတော့ ဟန်မဆောင်နိုင်စွာ သဘောကျနှစ်သက်ဟန်ပြ၏။
"မိတ်ဆွေကြီး အဖေအိမ်မှာ ချိတ်ဆွဲထားဖို့ အလွန်ကောင်းတဲ့မီးအိမ်ပေါ့ဗျာ"
မွန်ဂိုဒွန်က အမြင်ကတ်လာသောကြောင့် တမင်ပြောလိုက်ခြင်းဖြစ်ပါသည်။
အာမာဂျလာ၏ အဖေအိမ်မှာ ဓနိမိုးထားသည့် ရွှံ့ အိမ်သာဖြစ်ကြောင်း သူသိနေသောကြောင့်ဖြစ်သည်။
အာမာဂျလာလဲ ထိုကဲ့သို့ အဆင့်အတန်းရှိသော ပစ္စည်းများကို အခုမှတွေ့ ဘူးသည်ဖြစ်သောကြောင့် ဘာမှပြန်ပြောမနေတော့ဘဲ ခပ်တည်တည်ပင် လက်ခံယူလိုက်သည်...။
ပြီးတော့ ကျေနပ်နေဟန်ဖြင့် သူ့ အိတ်ထဲမှ အာရပ်စာများနှင့်ရေးမှတ်ထားသောစာရင်းများပါဝင်သည့် ဆိတ်သားရေပြားကို ဆွဲထုတ်ပြီး ဟန်ပန်အပြည့်ဖြင့် ဖြေးဖြေးချင်း ဖတ်ပြနေတော့သည်။
"အသက် ဆယ့်ငါးနှစ်မှ နှစ်ဆယ့်ခွန်နစ်နှစ်အတွင်းရှိ လူငယ် ကိုးဆယ့်ရှစ်ယောက်....မိန်းမ တစ်ဆယ့် ငါးယောက်...လေးယောက်က ကလေးတွေနဲ့ ..ခြောက်ယောက်က
ကိုယ်ဝန်သည်တွေ...နောက်ငါးယောက်က အပျိုစစ်စစ်တွေ...အဖိုးတန်ငှက်မွှေးတွေ....သဲမှုန့် တွေနဲ့ ရောနေတဲ့ ရွှေမှုန်တွေကတော့ ချိန်ကြည့်ရဦးမယ်"
ဖတ်ပြပြီးသည်နှင့် သူ့ လက်ထဲမှ စာရင်းကို ဂျိုနသန်ကိုပေးလိုက်သည်။
အာမာဂျလာက မတ်တပ်ထရပ်လိုက်ရင်း သူ့ ရဲ့ ကျွန်ယုံ အားကင်းကိုလှမ်းခေါ်လိုက်၏။
"မိတ်ဆွေကြီး သဘောကျပြီဆိုရင်....ကျွန်တွေကို သူတို့ နေထိုင်ရမယ့် တန်းလျားဆီကို ပို့ လိုက်ပါရစေ..ပြီးတော့ ကျန်တဲ့ကုန်ပစ္စည်းတွေကိုလဲ သိုလှောင်ခန်းထဲ ပို့ ရဦး
မယ်မဟုတ်လား"
မွန်ဂိုဒွန်က ဘာမှပြန်ပြောမနေတော့ဘဲ ခေါင်းညှိတ်ပြလိုက်သောကြောင့် အာမာဂျလာက နှုတ်ဆက်ဟန်နှင့် ဦးညွှတ်ပြကာ အားကင်းကိုခေါ်ဆောင်၍ ဟန်ပါပါ ထွက်ခွာသွားလေသည်။
မွန်ဂိုဒွန်နှင့် ဂျိုနသန်တို့ လဲ စတိုင်ပါပါ ထွက်ခွာသွားသော အာရပ်ကြီးကို မျက်မုန်းကျိုးမိသော်လဲ စီးပွားရေးကြောင့်သာ တိတ်ဆိတ်စွာ ကြည့်နေလိုက်မိကြသည်။
"ဆောက်သုံးမကျတဲ့ ခွေးတစ်ကောင်လိုဘဲဗျာ"
ဂျိုနသန်က လိုက်ကြည့်နေရင်းမှ လူငယ်ပီပီ မကျေနပ်ဟန်နှင့် နှာခေါင်းရှုံကာပြောလိုက်မိသည်။
"ဘာပဲဖြစ်ဖြစ် သူက ငါတို့ အတွက် အကောင်းဆုံးဖြည့်စွမ်းနိုင်သူတစ်ယောက်ပဲကွ...ကျူဘားမှာလိုအပ်နေတဲ့ အရွယ်ကောင်း ကျွန်တွေကို သူဘဲယူဆောင်လာနိုင်တာ
မဟုတ်လား....ဟိုမှာက ကျွန်တွေကို သားဖောက်လုပ်ငန်းလုပ်နေကြပြီလို့  ငါသတင်းရထားတယ်ကွ....နောက်အခေါက်တွေကျရင် ကျွန်မတွေများများ ယူလာခိုင်းရမယ်....စီးပွားရေး
အတွက်ပဲ ကြည့်စမ်းပါ ငါ့တူရာ..."
"ကျွန်မည်းမတွေက သိပ်ပြီးတန်ဘိုးမှမရှိတာဘဲ...ဦးလေးရ"
"စောင့်ကြည့်စမ်းပါကွာ....သားဖောက်တဲ့လုပ်ငန်းအောင်မြင်လာပြီဆို ကျွန်မတွေ ကတန်ဘိုးတက်လာမှာပါ....မင်းအိမ်ကကျွန်တွေကို သားဖောက်နိုင်ပြီဆိုမှတော့ ဘယ်
သူက ငွေအများကြီးသုံးပြီး အာဖရိကက ကျွန်တွေကို မှာယူတော့မှာလဲ....ကျွန်မတွေ များများရှာပြီး သားဖောက်ရောင်းတော့မှာပေါ့"
မွန်ဂိုဒွန်က ပြောစရာကုန်သွားဟန်ဖြင့် သူ့ အခန်းထဲသို့ လှည့်ဝင်သွားသည်။
နောက်တော့ အိပ်ရာထဲပြစ်လှဲလိုက်ပြီး အာဖရိက အကြောင်းကို စဉ်းစားနေလိုက်သည်။
မဆွဲတာကြာပြီဖြစ်သော ပန်းချီကားတစ်ချပ်လောက် သူဆွဲချင်စိတ်ပေါက်နေသည်။
အာဖရိက၏ ပုံရိပ်ကို ကိုယ်စားပြုနိုင်လောက်သော ပန်းချီကားမျိုးကို သူဆွဲချင်စိတ်ဖြစ်ပေါ်နေမိသည်။
သို့ သော် ဘယ်လိုပန်းချီမျိုးကိုရေးဆွဲရမည်ဆိုတာ ခုချိန်ထိ သူရှာဖွေတွေ့ ရှိခြင်းမရှိသေးပေ.....။
ဖြစ်နိုင်လျှင် အာဖရိက ကိုမစွန့် ခွာမီ ပန်းချီကားတစ်ချပ်ကိုတော့ ဖြစ်မြောက်အောင်ရေးဆွဲရပေမည်။
သားဖောက်လုပ်ငန်းသာ တွင်ကျယ်လာပါက အာဖရိကမှ ကျွန်ကုန်ကူးသည့်လုပ်ငန်းကို ထိခိုက်လာနိုင်ကြောင်းကို ကြိုတင်တွေးတောမိထားသောကြောင့်ဖြစ်ပေသည်။
တလမ်းလုံးပင်ပန်းနွမ်းနယ်စွာလိုက်ပါခဲ့ရသော်လဲ သူတို့ စီးလာသော ကနူးလှေတွေ ကမ်းစပ်သို့ ကပ်တော့မည့်ချိန်တွင် တန်ဘိုးရား၏ နွမ်းနယ်မှုတို့ ကွယ်ပျောက်ကုန်ကြသည်။
သူ့ နှလုံးသားက ပျော်ရွှင်သောကြောင့် အခုန်မြန်လာရသည်။
ခရီးကြမ်းကြီးကို ရက်များစွာကျော်ဖြတ်နေစဉ်ကထဲက ကြိုတင်စိတ်ကူးယဉ်ခဲ့ရသော မြင်ကွင်းများကို တွေ့ မြင်နေရသည်မဟုတ်ပါလား။
သူတို့ ကိုနှောင်ဖွဲ့ ထားသောကြိုးများကိုလဲ ဖြေပေးလိုက်ပြီဖြစ်သည်။
ရွာမှ ကင်းကွာပြီးကထဲက ပထမဆုံးအကြိမ် လွပ်လပ်မှုကို ခံစားလိုက်ရခြင်းဖြစ်ပေသည်။
ဟောင်းနွမ်းသော စစ်ဂျာကင်ကို ဝတ်ဆင်ထားသော နီဂရိုးတစ်ယောက်က ဦးဆောင်ပြီး သူတို့ အား တန်းလျားကြီးတွေရှိရာသို့ ခေါ်ဆောင်သွားခဲ့သည်။
တန်းလျားများ၏ အရှေ့ မှာတော့ အလွန်တရာကြီးမားလွန်းလှသော အဆောက်အဦးကြီးတစ်ခုရှိနေတာကိုတွေ့ ရသည်။
အဆိုပါ အဆောက်အဦးကြီးရော တန်းလျားများကိုပါ သူ့ ပေါင်လုံးလောက်ရှိသော သစ်လုံးကြီးများနှင့် အခိုင်အမာ ကာရံထား၏။
တန်းလျားအတွင်းသို့ ဝင်ရသောအခါ နှစ်ထပ်အိပ်စင်များကို အစီအရီတွေ့ လိုက်ရသည်။
လှေပေါ်တွင် မလူးသာမလွန့် သာလိုက်ပါခဲ့ရသောကြောင့် ဤနေရာက သူတို့ အတွက် နတ်ဘုံနတ်နန်းတမျှ ကောင်းမွန်နေသည်ဟု ထင်မိကြသည်။
အမှန်တကယ်လဲ ရွာမှာနေခဲ့ရသည်ထက် ပိုမိုကောင်းမွန်မှုများကို ရရှိနေခြင်းဖြစ်ပေသည်။
ဘာမှလုပ်စရာမရှိသောကြောင့် မိမိရရှိသော နေရာများတွင် ကျောဆန့် လှဲလျောင်းရင်း အိပ်မပျော်မီ ရောင်ယမ်းနာကျင်နေသော ကြွက်သားများနှင့် အရိုးအဆစ်များကိုသက်သာလို
သက်သာငြား ဖြေလျှော့နေလိုက်မိသည်။
သိပ်မကြာခင်မှာဘဲ သူတို့ အိပ်ပျော်သွားကြလေသည်။
မွန်းလွဲပိုင်းရောက်တော့ ဂျာကင်အနီနှင့်အစောင့်တစ်ယောက်မှ လာနှိုးသောကြောင့် အားလုံးနိုးထလာကြ၏။
ထိုသူ ပုံစံက ကြမ်းတမ်းဟန်ရှိသော်လဲ ရက်စက်မည့်ဟန်မရှိဟု တန်ဘိုးရား အကဲခတ်လိုက်မိသည်။
ဤကျွန်အလုပ်ရုံကြီး၏ မူအရ ကျွန်များကို ပထမရက်အတော်များများအထိ ကောင်းမွန်စွာ ကျွေးမွေးပြုစုသည်မှာ ထုံးစံပင်ဖြစ်လေသည်။
ကောင်းကောင်းအိပ်ခိုင်း....ဝအောင်ကျွေး....ပြီးတော့ ဘာအလုပ်မှမခိုင်းဘဲထားခြင်းဖြင့် ကျွန်တစ်ယောက်သည် သူ၏နေရပ်ကိုတမ်းတနေလိမ့်မည်မဟုတ်တော့ချေ....။
အတွေ့ အကြုံသစ်များ..မိတ်ဆွေသစ်များနှင့် သူတို့ ၏ အာရုံကို ဖမ်းစားထားနိုင်ပေလိမ့်မည်။
တန်ဘိုးရားပင် အခုအချိန်တွင် ပျော်ရွှင်ကျေနပ်နေမိသည်မဟုတ်ပါလား...။
သူတို့ အားလုံးကို တန်းစီရပ်စေသည့်အခါတွင် တန်ဘိုးရားက ဆာဗန်းပူး၏ အနောက်တွင်ရပ်နေလိုက်သည်။
သူတို့ လည်ပင်းတွေကို အလွန်သေးသွယ်သောကြိုးလေးများကို အသုံးပြု၍ အကွာအဝေးတူညီစွာ သွယ်တန်းချည်နှောင်ပေးသည်။
ကြီးမားသော တံခါးကြီးကိုဖွင့်လိုက်ပြီး မြစ်ဆိပ်သို့ ခေါ်ဆောင်သွားသောအခါ ဘယ်လိုနေရာမျိုးကိုရောက်ရဦးမည် မသိသောကြောင့် တန်ဘိုးရားစိတ်နဲနဲပူသွာမိသည်။
မြစ်ဆိပ်သို့ ရောက်သောအခါ ရေအောက်တွင် ပတ်ပတ်လည်ကာရံထားသော လှောင်အိမ်ကြီးများရှိရာသို့  သူတို့ ကိုဝင်စေသည်။
တကယ်တော့ ထိုလှောင်အိမ်ကြီးများမှာကျွန်များထွက်မပြေးနိုင်စေရန် စီမံထားခြင်းသာဖြစ်၏။
ထို့ နောက်မြက်ပင်တစ်ဆုပ်စီနှင့်အတူ အဝတ်စ သေးသေးတစ်ခုစီပေး၍ သူတို့ ကိုယ်ကို ပွတ်တိုက်စေသည်။
ထိုသို့ ပြုလုပ်သောအခါ ခန္တာကိုယ်ပေါ်တွင် ဖြူဖြူအမြှုပ်များဖြစ်ပေါ်လာသဖြင့် တန်ဘိုးရား အံသြနေမိသည်။
သူ့ ကိုယ်ပေါ်ရှိ ဖြုတ်..ခြင်..ယင်..တို့ ကိုက်ခဲထားသော အနာများ သက်သာသွားသလိုထင်မိ၏။
အားလုံးပြီးသည်နှင့်သူတို့ သည် တန်းလျားရှိရာသို့ ပြန်ကြရပြီး အသားနှင့် ဟင်းသီးဟင်းရွက်များ ရောနှောချက်ပြုတ်ထားသော အရသာရှိလှသည့် အစာအစာကို အားရပါးရ
စားရပြန်လေသည်...။
စားပြီးသောအခါ သံပရာသီးတစ်လုံးစီစုပ်စေ၍ ရေသောက်ခိုင်းကာ အိပ်လိုကအိပ်နိုင်ပြီဖြစ်ကြောင်း ပြောကြားလေသည်။
ဝမ်းဗိုက်ပြည့်အောင်စားသောက်ပြီးသွားပြီမို့  တန်ဘိုးရားတစ်ယောက် လဲလျောင်းရင်းအိပ်မောကျသွားလိုက်သည်မှာ အိပ်မက်ပင်မမက်လိုက်ဖဲ နေရောင်ကမျက်နှာပေါ်ထိုးတော့မှ နိုးထ
လာတော့လေသည်။
ယနေ့ နံနက်စာက အသားမပါသော်လဲ ပူနွေးပြီး စားလို့ကောင်းလှသည်။
နောက်တော့ တံခါးများပွင့်ဟသွားကြပြီး သူတို့ အားလုံး မတွေ့ ဖူးမကြုံဖူးသော မြင်ကွင်းကို တွေ့ မြင်လိုက်ကြရ၏။
အလုပ်ရုံအတွင်းမှ ကျွန်တို့ သည်ဆေးအဖြူသုတ်ထားသော သစ်သားများကို သယ်ဆောင်လာကြပြီး လူတစ်ယောက်၏ခါးလယ်လောက်ရှိသော စင်မြင့်တစ်ခုကို ကျွမ်းကျင်စွာပင်
ဆောက်လုပ်နေကြသည်။
လှေကားနှစ်ထစ်ပြုလုပ်လိုက်ကြသည်။
စင်မြင့်နောက်က နောက်ခံသစ်သားပြားကို ဆေးအနီနှင့်အမဲကို ဒေါင်လိုက်သုတ်လိုက်သောကြောင့် ကြည့်ကောင်းသွားရပြန်သည်။
အခြားကျွန်တစ်စုက လှပသော အမွှေးအတောင်များနှင့် တန်ဆာဆင်ထားသော ထိုင်ခုံတစ်လုံးကို သယ်ဆောင်လာပြီး စင်မြင့်ထက်တွင် တင်လိုက်ကြ၏။
ကျွန်တွေ သူ့ အစုနှင့်သူ ကျွမ်းကျင်စွာလှုပ်ရှားနေကြသည်မှာ ကြည့်၍ပင်ကောင်းနေသည်။
နောက်ထပ်ကျွန်တစ်စုက ပထမထိုင်ခုံလောက်သားနားခြင်းမရှိသော်လဲ အလားတူ ကြီးမားခန့် ထည်သော ထိုင်ခုံနောက်တစ်လုံးကို ယူဆောင်လာပြန်သည်...။
နောက်တစ်စုက ကြေးရောင်ပြောင်လက်နေသော ခပ်နိမ့်နိမ့် စားပွဲခုံတစ်လုံးကိုယူဆောင်လာပြီး ခုံနှစ်လုံးကြားတွင်နေရာချထားလိုက်၏။
တန်ဘိုးရားအနေနှင့် ရွာမှာနေစဉ်က ထိုင်ခုံတစ်ချို့ ကိုမြင်ဘူးထိုင်ဘူးသော်လဲ ယခုကဲ့သို့ လက်နှစ်ဖက်ကိုတင်ထားနိုငိပြီး နောက်သို့ မှီထိုင်နိုင်သော ထိုင်ခုံကြီးမျိုးကို အခုမှတွေ့ ဖူးခြင်ုးဖြစ်လေသည်။
ိထိုအချိန်မှာဘဲ ထီးကြီးများကိုကိုင်ဆောင်ထားသော ကျွန်နှစ်ယောက်က ထိုင်ခုံတစ်ဖက်တချက်စီတွင်နေရာယူလိုက်ကြသည်။
သူတို့ မင်သက်အံ့သြစွာ ကြည့်နေဆဲမှာပင် အာမာဂျလာက လူဖြူနှစ်ယောက်ကို ခြံရံလျှက် စင်ပေါ်ကိုတက်လာလေသည်။
မှန်ပါသည်၊လူဖြူတွေဖြစ်သည်။
ငယ်ရွယ်သူက ပိုဖြူသည်ဟု သူတို့ တွေတွေ့ မြင်ကြပြောဆိုမိကြရသည်။
ပြီးတော့ ငယ်ရွယ်သူတွင် နေရောင်ကဲ့သို့ ရှည်လျားတောက်ပြောင်သော ဆံပင်များက လှပခန့် ထည်လွန်းလှသည်။
သူ့ ပါးတွေက ပန်းနုရောင်သန်းနေပြီး နှာခေါင်းပေါက်နှစ်ခုက သေးကွေးကာ နီရဲပါးလွှာသောနှုတ်ခမ်းအစုံက သူတို့ နှင့်ကွဲပြားစွာ လှပနေသည်။
အာမာဂျလာက အကောင်းဆုံးထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး အသက်ကြီးကြီးလူဖြူကြီးက အခြားခုံမှာဝင်ထိုင်လိုက်လေသည်။
အဝါရောင်ဆံပင်နှင့်လူဖြူလူငယ်က ထိုင်ခုံနှစ်ခုကြားရှိ စားပွဲနောက်တွင်ရပ်နေလိုက်သည်။
ထီးကိုင်ကျွန်များက ထီးများကိုနေရာရွှေ့ မိုးပေးလိုက်ခြင်းဖြင့် သူတို့ သုံးယောက်ကို အရိပ်ကောင်းစွာရရှိလိုက်စေသည်။
အသက်ကြီးလူဖြူက သူတို့ ကိုဦးဆောင်ခေါ်ယူလာသည့် ဂျာကင်အနီနှင့်ကျွန်ကို မည်သို့ ပြောလိုက်သည်မသိ...
ထိုသူက သူတို့ အားလုံးကို စင်မြင့်ရှေ့ တွင် စီတန်းရပ်စေလိုက်သည်။
ပြီးလျှင် ရှေ့ ဆုံးမှလူကို စင်မြင့်ပေါ်သို့ တက်စေလိုက်ကာ ထိုင်ခုံများရှိရာဘက်သို့ မျက်နှာမူ၍ ရပ်စေလိုက်၏။
ထိုသူမှာ ငယ်ရွယ်သူဖြစ်ပြီး ကနူးလှေပေါ်တုန်းက သူတို့ ရှေ့ တွင်ထိုင်သောသူဖြစ်ကြောင်း တန်ဘိုးရားမှတ်မိလိုက်သည်။
ထိုလူအကြောက်လွန်နေပြီဟုလဲ သူကထင်လိုက်မိသည်...။
လှေကားပေါ်တက်စဉ်က ထိုငနဲလေး ဒူးများတုန်ခါနေသည်ကို သူတွေ့ မြင်လိုက်ရသည်မဟုတ်ပါလား။
လူဖြူတွေက ကောင်လေးကိုသတ်ပစ်တော့မည်ဟု သူအထင်မှားသွားကြောင်း သိပ်မကြာခင်မှာဘဲ သိလိုက်ရသည်။
ဂျာကင်အနီဝတ်ထားသော နီဂရိုးကြီးက ကောင်လေးကို ဆောင့်ကြောင့်ထိုင်စေလိုက်ပြီးသောအခါ လူဖြူအိုကြီးက ကောင်လေးတစ်ကိုယ်လုံးကို စမ်းသပ်နေတာ့သည်။
ပါးစပ်ခိုင်းပြီး ပါးစပ်ထဲသို့ လက်နှင့်နှိုက်ကြည့်သည်။ပြီးတော့ လက်မောင်း၊ရင်အုပ်၊ပခုံးနှင့် ဦးခေါင်းတို့ ကို ပွတ်သပ်၍ သေချာစွာ စစ်ဆေးနေပြန်သည်။
ထို့ နောက် ဂျာကင်နီနှင့် ကျွန်က ကောင်လေးကို ထရပ်စေလိုက်ပြီး လူဖြူကြီးအနီးသို့  ကပ်ရပ်စေလိုက်ပြန်သည်။
တစ်ဖန် လူဖြူကြီးက ကောင်လေး၏ ပေါင်သားများ၊ခြေသလုံးကြွက်သားများကို နှိုပ်နယ်ကြည့်ရှုသည့်အပြင် ကောင်လေး၏လိင်တံကိုပါ သေချာကိုင်တွယ်ကြည့်ရှုနေပြန်တော့၏။
ဒါလောက်ပဲဖြစ်သည်။ကောင်လေးကို ဘာမှအနာတရဖြစ်အောင်ပြုလုပ်ခြင်းမရှိပေ။
တစ်ဖန်...တစ်ယောက်ပြီးတစ်ယောက် ထိုသို့ ပင် စစ်ဆေးလာလိုက်သည်မှာ တန်ဘိုးရားအလှည့်သို့ ရောက်ရှိလာတော့သည်။
တစ်ခြားသူတွေလိုမဟုတ်ပဲ သူကအချိန်ကြာကြာပိုရပ်နေရသည်ဟု တန်ဘိုးရားထင်နေမိသည်။
လူဖြူနှစ်ယောက်နှင့် အာရပ်ကြီးက ခွက်ထဲမှ အရည်များကိုသောက်ရင်း စကားပြောနေကြခြင်းကြောင့်ဖြစ်လေသည်။
သူတို့ နှင့် အနီးကပ်ရပ်နေရသောကြောင့် သူတို့ ပြောဆိုနေသော ဟောင်ဆာဘာသာစကားကို သူကောင်းစွာကြားနေရသည်။
"မိတ်ဆွေကြီးသယ်ဆောင်လာခဲ့တာတွေဟာ အရင်တစ်ခေါက်ကထက် ပိုမိုသာလွန်ကောင်းမွန်ပါတယ်ခင်ဗျာ"
လူဖြူကြီးက ပြောလိုက်ခြင်းဖြစ်ပေသည်။
"အာမာဂျလာဆိုတဲ့လူက ဘယ်တုန်းကများ အိုနာကျိုးကန်းတွေကို ယူဆောင်လာဖူးလို့ လဲဗျာ"
အာမာဂျလာက ဝင့်ကြွားစွာပြောလိုက်ရင်း ရပ်နေသောတန်ဘိုးရားကို တချက်လှမ်းကြည့်ကာ မှတ်မိသွားလေသည်။
တန်ဘိုးရားဆိုသောကောင်လေးအတွက်...သူဘာမှမပေးခဲ့ရပါ။
ပြီးတော့ အားလုံးထဲတွင် ဒီကောင်လေးက ဈေးကောင်းရနိုင်သည်ဆိုတာကိုသူ သိနေခဲ့လေသည်။
"ကဲ....ဟောဒီမှာကြည့်ကြစမ်းပါဦးဗျာ...."
အာမာဂျလာက တန်ဘိုးရားကို ရည်ညွှန်း၍ ပြောလိုက်ခြင်းဖြစ်ပါသည်...။
"ခင်ဗျားတို့ အနေနဲ့ အာဖရိကတစ်တိုက်လုံးကို လှည့်ပတ်ရှာဖွေရင်တောင် ဒီလောက်ကောင်းတာမျိုးတွေ့ ဘူးကြလိမ့်မယ်မဟုတ်ဖူးဗျ...ဘာဖြစ်လို့ လဲသိလား....ဘာဖြစ်
လို့ လဲဆိုတော့ ဟောဒီကောင်လေးက အာဖရိကရဲ့ မင်းမျိုးမင်းနွယ်ဖြစ်နေလို့ ပေါ့...ဟိုးအရင်က ဘုရင်တူးမားရဲ့ သား....လက်ရှိဘုရင် မန်ဒိုးမားရဲ့ ညီအရင်းပေါ့ ..ဒီတော့ သူ့ 
အတွက် အမြတ်အစွန်း ကောင်းကောင်းရမှဖြစ်လိမ့်မယ်နော...."
လူဖြူအဖိုးကြီးက လက်ထဲမှခွက်ကိုချလိုက်ပြီး တန်ဘိုးရားကို စူးစမ်းသလို လေ့လာကြည့်ရှုနေလေသည်။
တန်ဘိုးရားလဲ အဖိုးကြီးကို ပြန်လည်ကြည့်ရှုနေလိုက်မိသည်။
အချိန်အတော်ကြာသွား၏။
ပြီးတော့မှ သူတို့ အနီးသို့ တန်ဘိုးရားကိုခေါ်လိုက်သည်။
ထုံးစံအတိုင်း စစ်ဆေးမှုကိုပြုပြန်သည်။
တန်ဘိုးရား၏ လိင်တံကို ကိုင်တွယ်ကြည့်ရှုသောအခါ တန်ဘိုးရားမှာ အသက်ရှူကြပ်သလိုတောင်ဖြစ်မိရသည်။
တဖန် ကိုင်ထားရက်နှင့် ရယ်မောကာ သူနားမလည်သောဘာသာစကားနှင့် အနောက်မှလူငယ်ကို လှမ်းပြောလိုက်သောအခါ လူဖြူငယ်ကလဲ သဘောကျစွာရယ်မောနေပြန်၏။
ပြီးသွားသောအခါ ဂျာကင်အနီနှင့် လူက သူ့ ကိုခေါ်သွားမည်ပြုသောအခါ လူဖြူအဖိုးကြီးက ဟန့် တားထားလိုက်သည်။
ဟောင်ဆာဘာသာနှင့် သူ့ ကိုမေးလိုက်သည်။
"နေဦး...ကောင်လေး..မင်းနာမည်ဘယ်လိုခေါ်လဲ"
"တန်ဘိုးရားဖြစ်ပါတယ်....မန်ဒိုးမားရဲ့ ညီပါ"
"အေး....ဟုတ်ပါပြီ...မင်းရဲ့ အစွမ်းနဲ့ အရည်အချင်းလေးကို ပြောပြနိုင်မလားကွ..ဟေ"
"ကျွန်တော်ဟာ....မြေပေါ်ကလူသားပါ....အစွမ်းသတ္တိက....အစွမ်းသတ္တိကတော့ ခြင်္သေ့တစ်ကောင်လိုပါဘဲ"
"အေး....ကောင်းတယ်ကွ....ဒါမျိုးဘဲဖြစ်နေရမှာ"
လူဖြူကြီးက သူ့ ကိုချီးကျူးစကားဆိုလိုက်သောကြောင့် တန်ဘိုးရား ဝမ်းသာသွားရသည်။
ထို့ နောက် လူဖြူကြီးက ဂျာကင်အနီနှင့်ကျွန်ကို လှမ်းမှာလိုက်လေသည်..။
"ဟေ့....ဒီကောင်လေးကို မနက်ဖန်ကျရင် ငါ့အိမ်ကိုခေါ်လာခဲ့"
ထိုမှတဖန် တန်ဘိုးရားဘက်သို့ လှည့်၍
"မကြောက်ပါနဲ့ ကွ.....ငါမင်းကို ဘာမှနာကြင်အောင်လုပ်မှာ မဟုတ်ပါဘူး"
အာမာဂျလာက ကိုယ်ကိုရှေ့ သို့ အနည်းငယ်တိုးလိုက်ပြီး ပြုံးလိုက်သည်။
သူ့ အပြုံးက ယုံကြည်မှုအပြည့်ရှိနေ၏။
"ကောင်လေးကို သဘောတွေ့ တယ်ဟုတ်စ...မစ္စတာ မွန်ဂိုဒွန်"
"သဘောကျပဗျာ....ကျုပ် ကျူးဘားကို ကျွန်တွေပို့ နေတာ အယောက်ပေါင်းများစွာပါဘဲ...ဒါပေမယ့် အဲဒီကျွန်တွေထက်ကောင်းမွန်တဲ့အရာကို ကျွန်တော် တွေ့ လိုက်ရ
တာပါ၊ကျွန်တော် အာဖရိကရဲ့ အရည်အချင်းနဲ့ အလှကို တွေ့ လိုက်ရပါတယ်...ဒီတော့ ဒါကိုမျိုးဆက်ပြန့် ပွားစေချင်တဲ့ဆန္ဒတွေ ပေါ်လာရတယ်ဆိုပါတော့ဗျာ"
"ဘုရင် မန်ဒိုးမားရဲ့ မိသားစုတွေက အာဖရိကရဲ့ ရှေးအကျဆုံးလို့ ဆိုလို့ ရနိုင်ပါတယ်...မစ္စတာ မွန်"
"အဲဒါကြောင့် ပြောတာပေါ့ မိတ်ဆွေကြီးရဲ့ ....သူ့ ရဲ့ အင်အားနဲ့ ယောက်ကျားပီသမှုက သဘောကျဖို့ ကောင်းတယ်၊ဒီတော့ သူ့ ကိုဆေးချယ်ဖို့ ကျုပ်မှာ ဆန္ဒတွေဖြစ်ပေါ်
လာရတော့တာဘဲဗျို့ "
"ကျွန်တော်ယူလာကထဲက သူ့ ကိုယ်ပေါ်မှာဆေးတွေသုတ်ထားပြီးသားဘဲဟာ...ဘာလို့ ဆေးချယ်ဦးမှာလဲ မိတ်ဆွေရ"
မွန်ဂိုဒွန်၏ပြောစကားကို နားမလည်သောကြောင့် အာမာဂျလာက ထိုကဲ့သို့ ပြောလိုက်ခြင်းဖြစ်၏။
"အဲဒီလို သူ့ ကိုယ်ပေါ်ကို ဆေးချယ်မှာကိုပြောတာမဟုတ်ပါဘူး မိတ်ဆွေကြီးရဲ့ .....သူ့ ပုံကို ဆေးရောင်စုံနဲ့ ပန်းချီဆွဲချင်တယ်လို့ ပြောတာပါ"
အာမာဂျလာက သဘောပေါက်သွားဟန်နှင့် ခေါင်းညှိတ်လိုက်သည်။
သို့ သော် တားမြစ်လိုဟန်ဖြင့် မွန်ဂိုဒွန်ကို လက်ကာပြလိုက်၏။
"မဖြစ်ဖူးထင်တယ်ဗျ...ကျုပ်တို့ ကျမ်းထဲမှာ သက်ရှိမှန်သမျှကို ကိုယ်ခွဲသဘောမျိုးမဆွဲရဘူးလေ"
"ကျုပ်သိပါတယ်....မနက်ဖန်ဆို ကောင်လေးကိုကျုပ်ပိုင်သွားပြီလေ...သူကကျွန်ပါဘဲလေ....ခင်ဗျားပိုင်တာဆိုရင်တော့ ခင်ဗျားသဘောပေါ့...ကျုပ်ပိုင်သွားပြီဆိုရင်
တော့ ကျုပ်က ဆွဲမှာဘဲဗျို့ .....ဒါမှ မရောင်းချင်ဘူးဆိုရင်လဲ ခင်ဗျားသဘောဘဲဗျာ....ခင်ဗျားကျွန်တွေကိုပြန်ခေါ်ပြီး ညတွင်းချင်းဘဲ ထွက်သွားပေတော့"
မွန်ဂိုဒွန်က ခပ်ပြတ်ပြတ်ပဲ ပြန်ပြောပြစ်လိုက်သည်။တန်ဘိုးများစွာဆုံးရှုံးသွားနိုင်သည်ဆိုသော်လဲ အလွန်အမင်း သည်းခံနေစရာမလိုဟု ဆုံးဖြတ်လိုက်မိသောကြောင့်ဖြစ်သည်။
နှစ်ယောက်စလုံးပြောနေသောစကားများကို နားလည်သော်လဲ တန်ဘိုးရား သဘောမပေါက်ဖဲဖြစ်နေသည်။
သူသိသည်ကတော့ လူဖြူကြီးက သူ့ အား သဘောကျနေသည်။
ဲပြီးတော့ လူဖြူကြီးက သူ့ အားတစ်ခုခုကောင်းကျိုးပေးလိမ့်မည်ဟုထင်နေမိသည်။
အခန်း(၄)
နေရောင်၏အလင်းနှင့်အတူတူလောက်ပင် တန်ဘိုးရားအိပ်ရာမှနိုးလာရသည်။
ကိုယ်ကိုတစ်ဖက်သို့ လှည့်၍ အလင်းရောင်ကောင်းစွာကျရောက်နေပြီဖြစ်သော ဝန်းခြံထဲသို့ လှမ်းကြည့်လိုက်မိသည်။
ဘယ်အချိန်သူ့ ကိုလာခေါ်မည်မှန်းမသိသော်လဲ အဆင်သင့်လုပ်ထားတာကောင်းမည်လို့ စဉ်းစားမိသောကြောင့် အခြားသူများအနှောက်အယှက်မဖြစ်ရအောင် ခုတင်ပေါ်မှ တိတ်တိတ်
လေးဆင်းလိုက်သည်။
အိမ်သာရှိရာဘက်သို့ ကွင်းပြင်အတိုင်းဖြတ်လျှောက်ရင်း ထန်းအုန်းလက်တစ်လက်ကို ကောက်ယူ၍ အရွက်များကိုခြွေလာခဲ့သည်။
သူက အချိန်ဖြုန်းသည့်အနေနှင့် နေရောင်အောက်တွင်ထိုင်ရင်း သူ့ လက်ထဲက ထန်းအုန်းရွက်များကို အိတ်တလုံးဖြစ်အောင် ရက်လုပ်နေလိုက်သည်။
မကြခင်မှာဘဲ ထန်းအုန်းရွက်များပ အိတ်ပြားလေးဖြစ်သွားရသည်။
ထိုခဏလေးမှာဘဲ သူ့ စိတ်ထဲသို့ အတွေးတစ်ခုဝင်ရောက်လာခဲ့သည်။
ရေလမ်းခရီးကို ရက်ပေါင်းများစွာဖြတ်ကျော်လာရစဉ်က မြေကြီးနှင့် ကင်းကွာခဲ့ရသောကြောင့် သူ့ စိတ်အင်အားတို့ ခမ်းခြောက်ခဲ့ရပေသည်။
ထိုအတွေးကြောင့် သူက မြေမှုန်များကို လက်နှင့်ကောက်ယူကာ အိတ်ပြားလေးထဲသို့ ထည့်လိုက်တော့သည်။
ပြီးတော့ အနီးပါးတွင်တွေ့ ရသော အဝတ်စုတ်လေးနှင့် ကျစ်ကျစ်ပါအောင်ထုပ်လိုက်တော့သည်။
ထို့ နောက်ထန်းအုန်းလက်မှ အကောင်းဆုံးကို ရွေးချယ်ကာ ကြိုးဖြစ်အောင်ကျစ်လိုက်ပြီး အထုပ်လေးနှင့်တွဲချီကာ လည်ပင်းတွင်ဆွဲထားလိုက်လေသည်။
ဘယ်လိုအခြေအနေသို့ ရောက်နေပါစေ ထိုအထုပ်လေးကိုဆုပ်ကိုင်လိုက်ရခြင်းဖြင့် မြေကြီးနှင့်ကင်းကွာမှုမရှိတော့ဘဲ သူ၏အစွမ်းသတ္တိနှင့် ဝိညာဉ်သည် သူနှင့် ဘယ်တော့မှ ကင်းကွာ
သွားတော့မည်မဟုတ်လို့ ယုံကြည်မှုရရှိလိုက်လေသည်။
အချိန်သိပ်မကြာခင်မှာဘဲ သူ့ အပေါင်းသင်းများလဲနိုးထလာကြလေသည်။
ဝင်းတံခါးကြီးပွင့်လာသောကြောင့် သူတို့ အတွက်အစားအသောက်များယူဆောင်လာပြီဖြစ်ကြောင်းသိလိုက်ရသည်။
ဂျာကင်အနီတစ်ထည်ထဲသာရှိ၍ ဒါကိုဘဲ အမြဲဝတ်ဆင်သည်ဟုထင်ရသော နီဂရိုးသည် အစားအသောက်တင်ဆောင်လာသောလှည်းနှင့်အတူ ပါလာပြီး ငယ်ရွယ်နုပျိုသူများကို လိုက်
လံကြည့်ရှုနေသည်။
တန်ဘိုးရားကိုတွေ့ သွားသောအခါ အစားကို မြန်မြန်စားစေပြီး သူနဲ့ အတူလိုက်ခဲ့ရန်ခေါ်သည်။
ထို့ နောက်မြစ်ဆိပ်သို့ ခေါ်သွားပြီးရေချိုးခိုင်းသည်။
ယမန်နေ့ ကလိုပင် အမြှုပ်ထွက်သော မြက်တစ်ဆုပ်ကိုပေး၍ ကိုယ်ကိုပွတ်တိုက်စေသည်။
သန့် ရှင်းပြီဟု ယူဆရသောအခါတွင် တကိုယ်လုံးကို ထန်းအုန်းဆီနှင့် လိမ်းကျံခိုင်းပြန်သည်။
စိတ်တိုင်းကျသွားသောအခါမှ ဂျာကင်နီက သူ့ နောက်သို့ လိုက်ခဲ့ရန် ခေါ်ဆောင်သွားလေသည်။
မွန်ဂိုဒွန်၏အိမ်အောက်သို့ ရောက်သောအခါ ဂျာကင်နီက သူ့ ကိုခဏစောင့်နေရန်ပြောပြီး အိမ်ထဲသို့ ဝင်သွားလေသည်။
တန်ဘိုးရားစောင့်နေစဉ်တွင် နီဂရိုးမလေးတစ်ယောက်ထွက်လာသည်ကိုတွေ့ လိုက်ရ၏။
သူမက သူ့ ထံသို့ တဖြေးဖြေးလျှောက်လာရင်းနီးကပ်လာလေသည်။
တန်ဘိုးရားအတွက် တပ်မက်စရာကောင်းလောက်အောင် ဆွဲဆောင်မှုရှိသော အဝေ့အဝိုက်ကောက်ကြောင်းများကြောင့် သွေးခုန်နှုန်းများမြန်ဆန်လာရ၏။
နို့ နှစ်လုံးက ခြေလှမ်းလိုက်တိုင်း ပါးလွှာသော အဝတ်အောက်မှနေ ခုန်ထွက်လာတော့မလို လှုပ်ခါနေသည်။
သူမ၏ နှုတ်ခမ်းအစုံက ဖိတ်ခေါ်သောအပြုံးကို ဆင်မြန်းထားပြီး သူ့ နားသို့ ရောက်သောအခါ သူမလက်ချောင်းများနှင့် သူ့ နှဖူးကို ထိတွေ့ လာသည်။
သူမကဘာမှမပြောသလို သူ့ နှုတ်ဖျားမှလဲ ဘာအသံမှ မပြုနိုင်လောက်အောင် ဆွံ့ အ နေမိသည်။
သူမလက်များက နှဖူးဆီမှနေ၍ အောက်သို့ တဖြေးဖြေးလျှောဆင်းသွားသည်...
သူ့ လီးကိုကိုင်လိုက်သောအခါတွင် ဆန့် ကျင်ဘက်လိင်၏အထိအတွေ့ ကြောင့် တောင်မတ်လာရ၏။
လူဖြူအဖိုးကြီးကိုင်တွယ်ကြည့်ရှုစဉ်ကတောင် အသက်ရှူရပ်မတတ် ခံစာခဲ့ရသော တန်ဘိုးရားတစ်ယောက် မည်ကဲ့သို့ ခံစားနေရမည်ဆိုတာကို ခန့် မှန်းကြည့်နိုင်သည်။
"မွန်ဂိုဒွန်အဖိုးကြီးနဲ့ အိပ်ရတာထက်စာရင် ရှင်နဲ့ အိပ်လိုကရရင် တော်တော်ကောင်းမယ်ထင်တယ်"
သူမမျက်လုံးတွေက အရောင်တောက်နေပြီး လက်တွေက ကြီးမားထွားကြိုင်းကာ တောင်မတ်နေသော လိင်တံကြီးကို တင်းကျပ်စွာ ဆုပ်ကိုင်ကစားနေလေသည်။
တန်ဘိုးရားက စကားပြန်ပြောရန်ကြိုးစားသော်လဲ အသံကထွက်မလာချေ၊ထိုစဉ် အိမ်ထဲမှ မွန်ဂိုဒွန်ထွက်လာပြီး
"ဟဲ့.....ဂျိုဘီးနား..ဆောက်ကမျင်းမလေး....သူ့ ဖာသာသူနေပေ့စေ...နင်သွားစရာရှိတာသွားစမ်း"
မွန်ဂိုဒွန်၏အသံကြောင့် ဂျိုဘီးနားက မြင်းမလေးတစ်ကောင်လို ခုန်ပေါက်၍ ထွက်ပြေးသွားသည်...။
တန်ဘိုးရားခမျာတော့ အီလယ်လယ်ကြီးခံစားလိုက်ရပြီးကျန်နေခဲ့ရလေသည်။
"ကောင်လေး.....မင်းငါ့နောက်လိုက်ခဲ့"
အဖိုးကြီးအသံက ဂျိုဘီးနားကိုမောင်းထုတ်စဉ်ကလို ဒေါသသံမပါတော့ဘဲ နူးညံ့နေပြန်သည်။
အိမ်ထဲသို့ ခြေချလိုက်တယ်ဆိုရင်ဘဲ တန်ဘိုးရားတစ်ယောက် တစ်သက်နဲ့ တစ်ကိုယ် မမြင်ဖူးသော အသုံးအဆောင်များ ကိုတွေ့ လိုက်ရသောကြောင့် ထူးဆန်းအံ့သြနေလေ၏။
နံရံတွင်ချိတ်ဆွဲထားသော လူဖြူမိန်းမ ပုံတွေက သူ့ အတွက်ပိုမို အံ့သြစရာဖြစ်နေပြန်သည်။
သူက အဖိုးကြီးခေါ်ဆောင်ရာအခန်းသို့ လိုက်သွားတော့ သစ်သားဘောင်တွင်ကပ်ရိုက်ထားသော ပိတ်ဖြူစကြီးကိုတွေ့ လိုက်ရသည်။
တန်ဘိုးရားခမျာ ချောက်ခြားတုန်လှုပ်နေရရှာသည်။
မွန်ဂိုဒွန်က ခြိမ်းခြောက်၍တော့ မဟုတ်...တောက်ပြောင်လှသည့် အိမ်ထောင်ပရိဘောဂများ၊လူဖြူမိန်းမပုံတွေက သူ့ အားအပြုံးနှင့်ကြည့်နေပုံများက သူ့ အားချောက်ခြားစွာ ထွက်ပြေး
ချင်လောက်အောင်ဖြစ်နေစေခြင်း ဖြစ်၏။
"ဘာမှမကြောက်ပါနဲ့ ကွ..ကောင်လေးရ"
အဖိုးကြီး သူ့ အားနှစ်သိမ့်လိုက်ပြီး မျက်နှာကြက်မှ ကြမ်းပြင်ကိုထိသည့်တိုင်အောင်ချိတ်ဆွဲထားသော အစိမ်းပုတ်ရောင် ကတ္တီပါစကြီးရှေ့ တွင်ရပ်စေလိုက်သည်။
တစ်ဖန် မွန်ဂိုဒွန်က မြေသားမှုန့် အပြည့်ပါသော တောင်းတတောင်းကို ယူလာပြီး တန်ဘိုးရားခြေထောက်တဝိုက်တွင် ကြဲဖြန့် လိုက်သည်။
တန်ဘိုးရားဘာမှ နားလည်နိုင်စွမ်းမရှိပေ၊ရပ်ဆိုတော့ ရပ်နေလိုက်ရသည်သာ....။
အဖိုးကြီးသူ့ ကိုကြည့်လိုက် သစ်သားဘောင်ကွတ်ထားသော အဝတ်ဖြူစကြီးရှေ့ တွင်အလုပ်ရှုပ်နေလိုက်ဖြင့် ခြေထောက်တွေတောင့်လာရသည်အထိ ရပ်နေပေးရသည်။
အချိန်အနည်းငယ် အနားပေးလိုက်၊ရပ်ခိုင်းလိုက်နှင့် အကြိမ်ရေ အတော်များများလုပ်ဆောင်ပြီးသောအခါတွင် မွန်ဂိုဒွန်က သူ့ ကိုခုံတလုံးပေါ်တွင်ထိုင်ခိုင်းလိုက်၏။
"ငါမင်းကို မင်းတို့ ရွာပြန်ပို့ ပေးမယ် တန်ဘိုးရား"
မွန်ဂိုဒွန်က ပြုံး၍ပြောလိုက်ခြင်းဖြစ်သည်။
"ကျူဘားကို သွားရမယ့်ခရီးရှည်ကြီးက မင်းအတွက်မဖြစ်သင့်ဘူး......မင်းရွာကို မင်းပြန်ပြီး ဘုရင်ပြန်လုပ်ရမယ်ကွ"
"မလုပ်ပါနဲ့  မွန်ဂို....ကျွန်တော့်ကို ပြန်မပို့ ပါနဲ့ ဗျာ..ကျွန်တော့်အကိုက သူ့ မျှော်မှန်းချက်ပျက်ပြီဆိုပြီး ကျွန်တော့်ကိုသတ်လိမ့်မယ်ခင်ဗျ...တခြားသူတွေလိုဘဲ လိုက်သွား
ပါရစေ ခင်ဗျာ"
"အေးပါကွာ....ငါသိပါပြီ...ဒီလိုဆိုလဲ ဟောဒီမှာဘဲ ငါနဲ့ တူတူမနေချင်ဘူးလားကွာ..ငါ့အတွက် အလုပ်လုပ်ပေးပေါ့....ငါကမင်းကို ကောင်းကောင်းထားမှာပါကွ"
"မနေပါရစေနဲ့ မွန်ဂိုခင်ဗျား...ကျွန်တော် သင်းဘောဆိုတာကြီးနဲ့ လိုက်သွားပရစေ....ဆာဗန်းပူးတို့ အမ်ဒေါင်းတို့ နဲ့ တူတူလိုက်သွားပါရစေဗျာ"
"ကောင်းပါလေ့ကွာ....ဒါနဲ့ မင်းကဘာဖြစ်လို့ ဒီလောက်တောင်သင်္ဘောနဲ့ လိုက်သွားချင်ရတာလဲဟ"
"သူတို့ ကပြောတယ်ခင်ဗျ...ကျွန်တော်သွားရမယ့် နယ်မြေအသစ်မှာ မိန်းမတွေ အများကြီးရနိုင်တယ်တဲ့....ကျွန်တော်လဲ မိန်းမတွေနဲ့ မနေဖူးတော့ ဘယ်လိုလဲဆိုတာကို
သိချင်နေပါတယ်...ဒါကြောင့်လိုက်သွားချင်တာပါခင်ဗျား"
"ဒီလောက်တောင်လိုက်ချင်နေလဲ လိုက်သွားပေါ့ကွာ.....ငါကြားရသလောက်ကတော့ ကျူးဘားမှာ မင်းလိုချင်တဲ့အခွင့်အရေးမျိုးတွေရှိနေပါတယ်လေ၊ကဲ..ဒီတော့ မင်းကို
ငါ သင်္ဘောပေါ်ကိုအရောက်ပို့ ပေးလိုက်မယ်..သင်္ဘောကပ္ပတိန်ကတဆင့် ဟာဘားနားမှာရှိတဲ့ ငါ့မိတ်ဆွေတယောက်ဆီကို စာရေးပေးလိုက်မယ်...မင်းကို ငါ့ရဲ့ အထူးလက်ဆောင်ဆို
ပီးတော့ သူ့ ဆီပို့ ပေးလိုက်မယ်ကွာ...ဒါဆိုရင်တော့ ကြံခင်းတွေထဲမှာ အလုပ်ကြမ်းလုပ်ရတာထက် ပိုကောင်းတဲ့ဟာမျိုးဖြစ်လာနိုင်ကောင်းပါရဲ့ လေ...ကဲ...ကဲ..ပြန်စလိုက်ဦးစို့ ဟေ့"
မွန်ဂိုဒွန်၏ ထူးဆန်းသောစကားများကို တန်ဘိုးရားနားမလည်ပါ။
မွန်ဂိုဒွန်က အလုပ်ကိုလက်စသတ်လိုက်ပြီးတန်ဘိုးရားကိုလှမ်းခေါ်ပြလိုက်သည်။
တန်ဘိုးရား ဘောင်ကွပ်ထားသော အဝတ်ဖြူစပေါ်တွင် သူ့ ကိုယ်သူတွေ့ လိုက်ရ၏။
သူတုန်လှုပ်ချောက်ခြားသွားရသည်။
မွန်ဂိုဒွန်က သူ၏ဝိညာဉ်နှင့် စွမ်းအားများကို ခိုးယူလိုက်ချေပြီလို့ သူထင်လိုက်မိလေသည်...။
သူက မွန်ဂိုဒွန်၏ခြေရင်းနားတွင်ထိုင်ချလိုက်သည်။
"ခင်ဗျား....ကျွန်တော့်ရဲ့ ဝိညာဉ်ကို ခိုးယူလိုက်တာဘဲ မွန်ဂိုခင်ဗျား"
ကောင်လေးက ဝမ်းနည်းစွာငိုရှိုက်နေချေပြီ.....။
"မငိုပါနဲ့ ကွ..ကောင်လေးရ..မင်းရဲ့ ဝိညာဉ်အစွမ်းကို ငါခိုးထားလိုက်တာမဟုတ်ပါဘူး...တန်ဘိုးရား...ဒီမှာကြည့်စမ်း...မင်းဝိညာဉ်ရဲ့ အစွမ်းသတ္တိကို ငါကနှစ်ခုခွဲပေးလိုက်တာ
ဘဲကွ....တစ်ခုက ဟောဒီအာဖရိကမှာကျန်ခဲ့မယ်....နောက်တစ်ခုက မင်းထွက်သွားတဲ့အခါ မင်းနဲ့ တူတူပါသွားမှာပေါ့ကွာ..ဒီတော့ ကျန်နေခဲ့တဲ့ဝိညာဉ်က မင်းကိုရောင်းစားလိုက်တဲ့
မိသားစုကို လက်စားချေပေးလိမ့်မှာပေါ့...ကဲ..ဘယ်လောက်ကောင်းလိုက်သလဲ...ခုဆို မင်းမှာ ဘယ်သူ့ ဆီမှာမှ မရှိသေးတဲ့ ဝိညာဉ်နှစ်ခု ရှိနေပြီပေါ့....ဒီတော့ မင်းဟာ နဂိုကထက်
ပိုထူးခြားတဲ့ လူသားတစ်ယောက်ဖြစ်သွားပြီကွ...ဘာဖြစ်လို့ လဲသိလား...ဘယ်လူသားမှာမှ ဝိညာဉ်နှစ်ခုမရှိဘူးလေ"
တန်ဘိုးရားထရပ်လိုက်ပြီး ပုံတူပန်းချီကားချပ်ကို ကြည့်လိုက်ပြန်သည်။
မွန်ဂိုဒွန် အဖိုးကြီးပြောသလိုပင် သူ့ မှာ ဝိညာဉ်နှစ်ခု ဖြစ်သွားပေပြီ...။
သူအငိုရပ်သွားပြီး သွားဖြူဖြူများပေါ်အောင်ပင်ပြုံးလိုက်မိပေသည်။
ဝိညာဉ်နှစ်ခုနှင့် တန်ဘိုးရား ဖြစ်ခဲ့ရသည်မဟုတ်လား.......။
တဖန်သူက ပန်းချီကားနားသို့ တိုးကပ်သွားလိုက်သည်။
"ဒီတန်ဘိုးရားက ခေါင်းနဲ့ ကိုယ်သာရှိပြီး ခြေထောက်တွေလက်တွေကရော...."
တန်ဘိုးရား မေးခွန်းကို မွန်ဂိုဒွန် သဘောကျသွားသည်။
"မကြာခင်ဖြစ်လာရမှာပေါ့ကွာ.....ကဲ..လောလောဆယ် ငါတို့ တခုခုစားကြဦးစို့ ရဲ့ "
မွန်ဂိုဒွန်ကို ကြည့်ရတာပျော်ရွှင်နေပုံရလေသည်။မွန်ဂိုဒွန်အရင်စားသောက်ပြီးသောအခါ ပိုလျှံသည်များကို တန်ဘိုးရားစားရန်အတွက်ပေးသည်။
တန်ဘိုးရားအတွက် လောကကြီးတွင် ဤမျှလောက်အရသာရှိသော စားသောက်ဖွယ်ရာများ ရှိနေသည်ဖြစ်ကြောင်းကို ကိုယ်တိုင်ခံစားလိုက်ရသောကြောင့်သာ ယုံကြည်လိုက်မိရသည်။
မွန်းလွဲပိုင်းတစ်ခုလုံး မွန်ဂိုဒွန်အတွက် တန်ဘိုးရားရပ်ပေးနေရပြန်သည်။
နေရောင်က အခန်းတစ်ဖက်သို့ ရောက်သွားသည်အထိပင်ဖြစ်၏။
ထိုအခါမှ မွန်ဂိုဒွန်က အလင်းရောင်ပိုရဖို့ အတွက် ခန်းဆီးစကို ဖယ်ရှားရန် နေရာမှ လျှောက်သွားလိုက်သည်တွင် လမ်းတဝက်တွင်ပင် ရုတ်တရက်လဲကျသွားပြီး ငြိမ်သက်သွားသည်။
သူ့ အားနားရန်အမိန့် မပေးသေးသောကြောင့် တန်ဘိုးရားက ရပ်မြဲရပ်နေသည်။
အတန်ကြာအောင်အထိပင် ရပ်ကြည့်နေမိသည်။
မွန်ဂိုဒွန်က လုံးဝလှုပ်ရှားမှုမရှိတော့သည်ကိုတွေ့ နေရသောကြောင့် တန်ဘိုးရား အရဲစွန့် ၍ထိုနေရာသို့ လျှောက်သွားကြည့်လိုက်သည်။
အနားသို့ ရောက်သောအခါ တန်ဘိုးရားက ဒူးထောက်၍ ထိုင်ချလိုက်သည်။
လူဖြူကြီး၏ မျက်လုံးများက ပွင့်ဟလျှက်ရှိနေသော်လဲ ဘာကိုမှမြင်ရပုံ မပေါ်တော့ဟု ထင်မိသည်။
ဤတွင် မွန်ဂိုဒွန်အဖိုးကြီး၏ ဝိညာဉ်သည် သူးကိုယ်မှ ထွက်ခွါသွားပြီဖြစ်ကြောင်း တန်ဘိုးရား သိလိုက်လေပြီ။
ထိုအခါတန်ဘိုးရားက အော်ဟစ်ငိုလေတော့၏။
ရွာမှာနေစဉ်က လူတယောက် သည်လိုဖြစ်လျှင် အော်ဟစ်ငိုယိုရမှန်း သူကသိထားသောကြောင့်သာ ငိုလိုက်ခြင်းဖြစ်လေသည်။
မည်မျှကြာအောင် ငိုနေလိုက်မိသည်မသိ.....
အခန်းတံခါးက ရုတ်တရက်ပွင့်လာကာ ဝဝဖိုင့်ဖိုင့် အမည်းမကြီးဝင်လာကာ မွန်ဂိုဒွန်ကို သေချာကြည့်လိုက်သည်။
တဖန်..သူမပြေးထွက်သွားသည်။
မကြာမီပင် တစ်ခန်းလုံး လူတွေပြည့်ကြပ်သွားတော့သည်။
ဆံပင်ရှည်နှင့်လူဖြူက အဖိုးကြီးကို ပွေ့ ချီ၍ တစ်ဖက်ခန်းရှိ ခုတင်ပေါ်သို့ တင်ထားလိုက်ကာ ပြန်ထွက်လာပြီး တန်ဘိုးရားအနီးတွင်ရပ်လိုက်သည်။
သူ့ ပါးစပ်မှ ဟောင်ဆာ စကားကဖြေးလေးစွာထွက်ပေါ်လာလေသည်...။
"လာ...တန်ဘိုးရား...မင်းကို ပြန်ပို့ ပေးလိုက်မယ်...မွန်ဂိုဒွန် သေသွားပြီကွ...မင်းနားလည်ရဲ့ လား"
တန်ဘိုးရား ခေါင်းညိတ်ပြလိုက်မိသည်။
"သူ့ ဝိညာဉ် ထွက်သွားပြီဘဲ.....ကျွန်တော်သိပါတယ်....မစ္စတာ"
ဤတွင် ဂျိုနသန်က အနီရောင်ဂျာကင်နှင့် ကျွန်ကို ခေါ်လိုက်ပြီး အမိန့် ပေးလိုက်ပါလေသည်။
"ဟေ့.....ဒီကောင်လေးကို သူ့ မိတ်ဆွေတွေရှိတဲ့ဆီကို ကောင်းကောင်းမွန်မွန် ပြန်လိုက်ပို့ ပေးလိုက်စမ်းပါ...."
သူတို့ ခေတ္တခိုနားရာ တန်းလျားဆီသို့ ပြန်ရောက်သောအခါ တန်ဘိုးရားက သူ၏ထူးဆန်းသောအတွေ့ အကြုံများကို ပြန်ပြောပြလိုက်သည်။
အားလုံး ငြိမ်သက်စွာ စိတ်ဝင်တစား နားထောင်ကြ၏။
နောက်ဆုံး မွန်ဂိုဒွန်က သူ့ ကိုရွာသို့ ပြန်ပို့ ပေးမည်ဟု ပြောကြောင်းကိုပါ ထည့်ပြောပြလိုက်သည်။
"မင်းက မပြန်ချင်ဘူးလို့ ပြောလိုက်တာ မှန်တာပေါ့ ကွ...ဒို့ နဲ့ အတူလိုက်ပြီး အတွေ့ အကြုံသစ်တွေရှာတာက ပိုကောင်းပါတယ်ကွာ"
မုဆိုးလေး ဆာဗန်းပူးက တန်ဘိုးရား၏ သဘောထားကို ထောက်ခံသလိုပြောလိုက်၏။
အားလုံးက တန်ဘိုးရားကို ဝိညာဉ်နှစ်ခု ပိုင်ဆိုင်ထားသူအဖြစ် အံ့သြနေကြသည်။
သို့ ပေမယ့် မွန်ဂိုဒွန်သေဆုံးသွားပုံက သူတို့ အတွက် အဆန်းတကြယ်ဖြစ်လို့ နေလေသည်။
တန်ဘိုးရား၏ ဝိညာဉ်ကို နှစ်ခုခွဲထုတ်လိုက်သောကြောင့် လူဖြူကြီး သေဆုံးရတာဖြစ်နိုင်ကြောင်း အချင်းချင်းပြောဆိုနေမိကြသည်။
ဒီလိုဆိုတော့ ဝိညာဉ်က လက်ရှိတန်ဘိုးရားထက်ပင် အစွမ်းသတ္တိကောင်းနေကြောင်းကို သူတို့ ငြင်းခုံမဆုံး ဖြစ်ကြရပြန်သည်...။
တန်ဘိုးရား ကိုယ်တိုင်ပင် ကြောက်ရွံ့ လာမိသလို အခြားသူများကလဲ သတိပေးစကားပြောကြားကြလေသည်။
သည်လိုနှင့် သူတို့ တစ်တွေသည် ကနူးလှေထက်အဆပေါင်းများစွာကြီးမားသော....သင်းဘောဟုခေါ်သည့်လှေကြီးပေါ်သို့ ရောက်ရှိခဲ့ကြရလေသည်။
ိထိုလှေကြီးများက ကြီးမားလွန်းသောကြောင့် ကမ်းသို့ မကပ်နိုင်ဘဲ ကနူးလှေများနှင့် ကူးကြရသည်။
တစ်သုတ်စီခွဲ၍ လှေကြီးပေါ်သို့ တက်ကြရသည်။
လွတ်လပ်စွာနေခဲ့ရပြီးမှ အနှောင်အဖွဲ့ များဖြင့် ပြန်လည်ချည်နှောင်ခံရသောကြောင့် သူတို့ စိတ်ထဲတွင် စိုးရွံ့ ထိတ်လန့် မှုများကို ပြန်လည်ခံစားမိကြရပြန်သည်။
ကြီးမားလှသော လှေကြီးပေါ်သို့ မတက်မီ ထိုလှေကြီး၏ ကတ်ပီတိန်ဆိုသော မုတ်ဆိတ်နီနီနှင့် လူထွားကြီးအကြောင်းကို သူတို့ ကို ကနူးလှေများလှော်ခတ်၍ လိုက်ပို့ သော ကျွန်များ
ထံ မေးမြန်းကြည့်ကြရာ......
မုတ်ဆိတ်နီကြီးက ထိုလှေကြီးပေါ်တွင် ဘုရင်ဖြစ်ကြောင်း..အမည်က မက်ဖာဆင်ဖြစ်ကြောင်း...ထိုမျှခန္တာကိုယ်ကြီးမားနေရခြင်းမှာ လူမည်းကောင်လေးများကို စားတတ်လို့ ဖြစ်
ကြောင်း....သူစားလို့ မကုန်ပါက ရေထဲမှ ငမန်းများကိုကျွေးပစ်တတ်ကြောင်း.....ငမန်းဆိုသည်မှာ ယခုစီးလာသောကနူးလှေများထက်ပင် ပိုမိုကြီးမားသော ငါးတစ်ကောင်ဖြစ်ကြောင်း ပြောပြသွားကြလေသည်။
သူတို့ အားလုံး သင်္ဘောကုန်းပတ်ပေါ်သို့ ရောက်သောအချိန်တွင် အာဖရိက နေမင်းသည်အနောက်ဖက်ဝေးဝေး ပင်လယ်ထဲသို့ မြုပ်ဝင်စပြုနေလေပြီ...။
သူတို့ တစ်တွေ....ရှေ့ နောက် တန်းစီ၍ ရပ်နေကြရပြန်သည်။
မုတ်ဆိတ်နီကြီးကို တွေ့ လိုက်ရသောအခါ အစားခံရတော့မည်ထင်မိသောကြောင့် တန်ဘိုးရား ကြောက်ရွံ့ နေမိ၏။
သို့ ပေမယ့် ကပ္ပတိန်ကြီးက သူတို့ တွေကို တစ်ယောက်စီ လက်ညှိုးထိုး၍ သူ့ လက်တွင်းမှာရှိသော စာရွက်ပေါ်တွင် ဒုတ်ချောင်းလေးတစ်ခုနှင့် တို့ ထိကာ မှတ်သားနေလေသည်။
ကြယ်သီးများက ကြေးရောင်တောက်နေပြီး အင်္ကျီအပြာရောင်ကို ဝတ်ဆင်ထားသော လူဖြူက ဟောင်ဆာစကားနှင့် အားလုံး သူ့ နောက်ကလိုက်ခဲ့ ရန် အမိန့် ပေးသည်။
သင်္ဘောဝမ်းထဲသို့ ဆင်းရသောအခါတွင် တရိစ္ဆာန်များအလား ပြည့်ကျပ် နံဟောင်နေသော ကျွန်များကိုတွေ့ လိုက်ရသည်။
အတွင်းပိုင်းတစ်ခုလုံးက မကောင်းသော အနံ့ အသက်တွေ ထောင်းထောင်းထနေသည်။
အလင်းရောင်လုံလောက်စွာမရှိဘဲ ကြောက်စရာ...မုန်းတီးစရာ...ဝမ်းနည်းစရာ တို့ သာရှိနေသည်ဟု တန်ဘိုးရားထင်လိုက်မိသည်...။
ရှေ့ ကဦးဆောင်သွားသော လူဖြူလက်ထဲမှ မီးအိမ်အလင်းရောင်ကြောင့် အမှောင်ထဲမှ တလက်လက်မျက်ဝန်းများကို တွေ့ မြင်နေရလေသည်။
သူတို့ ကို အနှောင်အဖွဲ့ မှ ကင်းလွတ်စေလိုက်ပြီး အနည်းငယ်မျှလွတ်နေသည့်နေရာတွင် အားလုံးကို စုပြုံထိုင်ခိုင်းသည်။
တန်ဘိုးရားအလှည့်သို့ ရောက်သောအခါ....သူ၏နှစ်ကိုယ်ခွဲ ဝိညာဉ်၏ အစွမ်းကိုပြရမည်ဟု ဆုံးဖြတ်ကာ ထိုင်ဖို့ ငြင်းဆိုလိုက်သည်။
သို့ ပေမယ့် မြန်ဆန်ပြင်းထန်စွာကျရောက်လာသည့် ကြာပွတ်က သူ၏ ရင်ဘတ်နှင့် ခြေထောက်အစုံကို နာကြင်တုန်ခါသွားစေတော့ရာ သူ့ ဝိညာဉ်နှစ်ခုလုံးက ကြာပွတ်ဒဏ်ကို
အာခံ၍ မရကြောင်းထင်ရှားသွားလေသည်...။
သည်တော့ အများနည်းတူ ဒူးထောက်ထိုင်ချလိုက်ရသည်။
ထိုအခါ ခြေမျက်စိမှ ပြင်းထန်သောဝေဒနာကိုခံစားလိုက်ရသလို လည်ပင်းကိုလဲ ထူထဲလေးလံသော သံကွင်းကြီးနှင့် အစွပ်ခံလိုက်ရလေတော့သည်။
သူ့ တင်ပဆုံတွေက မာကြောသောကြမ်းပြင်နှင့် ထိတွေ့ နေရသလို တစ်ယောက်နှင့်တစ်ယောက် ရင်နှင့်ကျောနှင့် ကပ်ကာ လှုပ်မရနိုင်လောက်အောင်ဖြစ်နေသည်။
ဘဝဆုံးပြီဟု တန်ဘိုးရားထင်လိုက်မိ၏။
နှစ်ကိုယ်ခွဲ ဝိညာဉ်အပေါ် ယုံကြည်မှုတွေလဲ ကွယ်ပျောက်ကုန်လေပြီ....။
ယခုတော့ သူဆုတောင်းမိနေသည်မှာတစ်ခုထဲသာဖြစ်သည်.......။
သေဆုံးခြင်းပင်..........။
ထိုသို့ ဆုတောင်းလိုက်ပြီးသည်နှင့် တပြိုင်နက် ....သူစတင်ကာငိုကျွေးလိုက်မိပါလေတော့သည်။
အခန်း(၅)
ထိုအချိန်ထိုကာလ...ထိုရက်များတွင် ကျွန်ကုန်ကူးသည့်လုပ်ငန်းကို ဥပဒေနှင့် တားမြစ်ထားခြင်းမရှိဘဲ လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပေးထားလေသည်။
အင်္ဂလိပ် မင်းမျိုးမင်းနွယ်များသည်ပင်လျှင် ထိုလူမည်းကျွန်တို့ ၏ အမြတ်အစွန်းများလှသော ကျွန်ကုန်ကူးခြင်းကို ဝင်ရောက်လုပ်ကိုင်တတ်ကြလေသည်။
နောင်သောအခါ ပြည်သူလူထု၏သဘောထားက ဘရစ်စတိုမြို့ နှင့် လီဗာပူး(လ်)မြို့ တို့ ရှိ ကျွန်ကုန်သည်ကြီးများအပေါ် လွှမ်းမိုးလာရပြီး ကျွန်တွေကို ဥပဒေအရသာ သယ်ဆောင်ခွင့်ရရှိ
ခဲ့ပြီး ဥပဒေမဲ့ မှောင်ခိုတင်သွင်းမှုမျိုးကို ဆန့် ကျင်လာကြသည်။
ကျွန်များအပေါ် တတ်နိုင်သရွေ့ နူးညံ့စွာဆက်ဆံရမည်ဟူသော သတ်မှတ်ချက်မျိုးပင်ပေါ်လာခဲ့ရလေသည်။
ကျွန်များသည် တန်ဖိုးရှိကြသည်ဖြစ်ရာ ကျွန်များကိုသယ်ဆောင်သော ကျွန်ကုန်သည်များ၏ သင်္ဘောများက သန့် ရှင်းကျယ်ဝန်းမှုရှိရမည်။
အစားအသောက်ကျွေးမွေးရာတွင်လဲ အဟာရဖြစ်သောအစာများကိုကျွေးခြင်းဖြင့် ကျွန်များ၏ ကျန်းမာသန်စွမ်းမှုကို အထောက်အကူပြုစေရမည်ဖြစ်သည်။
ထိုထိုသောတောင်းဆို ကန့် သတ်ချက်တွေကြောင့် ကျွန်ကုန်သည်များမှာ ကျွန်များကို တတ်နိုင်သလောက် ကျွေးမွေးပြုစုကြရပေတော့သည်။
ကျွန်ကုန်သည်အများစု၏အမြင်အရမူ ကျွန်များသည်လူသားတွေမဟုတ်ပေ...တရိစ္ဆာန်များသာဖြစ်သည်...။
သူတို့ လိုလူဖြူတွေကသာ လူသားစစ်စစ်များဖြစ်သည်။
အမည်းကောင်များက နွားနို့ ရသောနွားများလောက်ပင် အဆင့်မရှိကြ။
သူတို့ တွင် အတော်အသင့်သော အသိဉာဏ်မျိုးသာရှိကြပြီး လူသားတစ်ယောက်ကဲ့သို့ အသိဉာဏ်မျိုးမရှိဟု ယူဆကြသည်။
အကောင်းဆုံးသောကျွန်တစ်ယောက်သည် ခွေးလိမ္မာတကောင်လိုပင် ခိုင်းတာလုပ်မည်..သူ၏အရှင်သခင်အမိန့် ကိုနာခံမည်...ထို့ ကြောင့် သူတို့ အား အခွင့်အရေးသုံးခုကို ပေးထား
တတ်ကြသည်။
စားရန်၊အိပ်ရန်နှင့် မေထုန်မှီဝဲခွင့်တို့ ပင်ဖြစ်လေသည်။
သို့ သော် ဤအခွင့်အရေးများသည် လူဖြူသခင်က ခွင့်ပြုမှသာလုပ်ဆောင်ခွင့်ရသော အခွင့်အရေးများဖြစ်ပေသည်။
မွန်ဂိုဒွန်၏ ကျွန်အလုပ်ရုံကြီးများမှ ကျွန်များကို တင်ဆောင်ထွက်ခွာလာခဲ့သော သြဂတ်(စ်)တပ်(စ်)သင်္ဘောကြီးသည် စိမ်းလဲ့လဲ့ရေပြင်အတွင်းသို့ ရောက်ရှိနေခဲ့လေပြီ။
တန်ဘိုးရားအိပ်ရာမှနိုးထလာသောအခါ သူ့ ခန္တာကိုယ်က ရှေ့ နောက်ယိမ်းထိုး၍နေလေသည်။
အမ်ဒေါင်းဘက်ကိုကပ်သွားလိုက်..ဆာဗန်းပူးဘက်သို့ ကပ်သွားလိုက်နှင့် ကြာတော့ခေါင်းမူးလာရသည်။
သူ့ ဝမ်းဗိုက်ကလဲအောင့်လာသည်။
ထို့ အပြင် ဆီးအိမ်မှလဲတောင့်တင်းလာပြီး မည်သို့ မှထိန်းနိုင်စွမ်းမရှိတော့ပေ.....။
တစ်ကိုယ်လုံးလှုပ်ရှားနေမှုနှင့်အတူ သံကြိုးသံများကလဲတချွင်ချွင်ဆူညံနေလေသည်။
အတန်ကြာသောအခါ သူတို့ ခေါင်းပေါ်မှ တံခါးဖွင့်သံကြားလိုက်ရပြီး သားရေထူထူနှင့်ပြုလုပ်ထားသောလူဖြူ၏ ခြေထောက်အစုံက လှေကားထစ်များအတိုင်းဆင်းလာတာကို တွေ့ မြင်
လိုက်ကြရသည်။
သူ့ နောက်တွင် နောက်ထပ်လူဖြူနှစ်ယောက်ပါလာသည်။
တစ်ယောက်ကသူတို့ လည်ပင်းမှသံကြိုးများကို လိုက်ဖြုတ်ပေးလိုက်သည်။
အခြားတစ်ယောက်က ဟောင်ဆာဘာသာဖြင့် အားလုံးမတ်တပ်ထရပ်ရန် အမိန့် ပေးလေသည်။
ပြီးသည်နှင့် သူတို့ အားလုံးကို လှေကားထစ်များအတိုင်း ကုန်းပတ်ပေါ်သို့ တက်စေသည်။
ကုန်းပတ်ပေါ်သို့ ရောက်သည်နှင့် ပူပြင်းသောနေရောင်က စူးရှလွန်းသောကြောင့် သူတို့ ၏လက်များကိုခေါင်းများပေါ်သို့ အုပ်လိုက်မိကြရလေသည်။
တန်ဘိုးရားမှာ ကိုယ့်ကိုကိုယ် မထိန်းနိုင်တော့ပေ....
မူးဝေလွန်းသောကြောင့် အစာအိမ်တွင်းမှ အစာဟောင်းများ လည်ချောင်းအတိုင်းပျို့ တက်လာသည်။
သူသိနေသည်က ပူပြင်းသောနေရောင်အောက်တွင် သင်္ဘောကြီးက နိမ့်လိုက်မြင့်လိုက်ဖြစ်နေသည်ဆိုတာကိုပင်။
သင်္ဘောသားတစ်ယောက်က သစ်သားခွက်တွေ လိုက်ဝေပေးနေသည်။
တန်ဘိုးရား ဘယ်လိုမှမထိန်းနိုင်တော့ဘဲ သင်္ဘောသားသူ့ နားသို့ အရောက်တွင် အန်ချလိုက်မိလေသည်။
အန်ဖတ်များပေသွားသောကြောင့် သင်္ဘောသား၏မျက်နှာမှာတင်းမာပြီး နီရဲတက်လာသည်။
"ခွေးမသား ငမည်းကောင်...ကဲကွာ"
ပြောပြောဆိုဆိုနှင့် လက်ထဲမှာရှိသော သစ်သားခွက်နှင့် တန်ဘိုးရားခေါင်းကိုလွှဲရိုက်ချလိုက်သောကြောင့် တန်ဘိုးရားခွေကနဲ ပစ်လဲသွားရသည်။
ထို့ နောက် ခွေခွေလေးလဲကျလျှက်ရှိသော တန်ဘိုးရားကို ရှူးဖိနပ်ထိပ်ဦးနှင့် ဆက်ကာဆက်ကာ ကန်ကျောက်နေပြန်ပါသည်။
ိထိုသို့ ဝရုန်းသုံးကားဖြစ်ပျက်နေသောကြောင့် အပြာရောင်အင်္ကျီဝတ်ဆင်ထားသောသူ ရောက်ရှိလာ၏။
"ဒီမှာ ဘာဖြစ်နေတာလဲ ဘဲ(လ်)နက်"
"ဟောဒိ အမည်းကောင် ကျွန်တော့်အပေါ်အန်ချလိုက်လို့ အဝတ်အစားတွေပေကုန်တယ်...ဒါကြောင့်ဆုံးမနေတာပါ မစ္စတာ' မိုး'..ဒီလိုမှ မဟုတ်ရင် နောက်ကောင်တွေပါ
ဒီလိုဘဲ လုပ်ကုန်ကြလိမ့်မယ် မဟုတ်လား"
"ကောင်းပြီ...ဘဲ(လ်)နက်"
ဒုတိယ အရာရှိ မိုးက သူ့ လက်တွင်းရှိခရာလေးကိုမှုတ်လိုက်ရာ သင်္ဘောသားအချို့ အပြေးရောက်လာလေသည်။
"ဟောဒီကောင်ကို ဆွဲမပြီး ကြိမ်ဒဏ် ဆယ်ချက်ပေးလိုက်စမ်းကွာ"
မိုးက ကုန်းပတ်ပေါ်မှမထနိုင်သေးဘဲ လဲကျလျှက်ပင်ရှိနေသော တန်ဘိုးရားကို ခြေထောက်နှင့်ထိုးပြရင်းပြောလိုက်ခြင်းဖြစ်၏။
သဘောင်္သားများက လဲကျနေသော တန်ဘိုးရားကို ဝိုင်းဝန်းထူမတ်လိုက်ပြီး ရွက်တိုင်ရှိရာသို့ သယ်ဆောင်သွားကြလေသည်။
ရောက်သောအခါ တန်ဘိုးရား၏ လက်ကောက်ဝတ်နှစ်ဖက်ကို တိုင်နှင့်ကပ်၍ ကြိုးတုပ်လိုက်သည်...။
ခြေနှစ်ချောင်းကိုလဲ ကားထားစေကာ ခြေမျက်စိအဆစ်နားတွင် ကြိုးများနှင့် တုပ်လိုက်ကြပြန်သည်။
တန်ဘိုးရားက ရိုက်မည့်သူကို ကျောခိုင်းရက်နှင့် ပင်လယ်ပြင်ဘက်သို့ မျက်နှာမူထားရသောကြောင့် ပင်လယ်ပြင်ကြီးကို တွေ့ မြင်နေရသည်။
သူ့ အတွက် မျှော်လင့်ချက်မရှိတော့ဟုလဲ ထင်လိုက်မိသည်။
ကြောက်ရွံ့ မှုတို့ ကြောင့် ဒူးများက တုန်ခါလာရသည်။
သူနားမလည်သောရေတွက်မှု အသံတစ်ချက်ထွက်လာတိုင်း သူ့ ကျောပြင်တစ်ခုလုံးဆတ်ဆတ်ခါသွားရလေသည်။
သုံးကြိမ်မြောက် ရေတွက်မှုအပြီးတွင် ...............
"ရပ်လိုက်စမ်း.....ခဏနေဦး......မစ္စတာမိုး"
မုတ်ဆိတ်နီနှင့်လူကြီး၏အသံမှန်း တန်ဘိုးရားမှတ်မိလိုက်သည်။
ထိုအသံရှင်ကို သူ့ ကျောပြင်ကို အရိုက်ခံရသည်ထက်ပိုကြောက်နေမိပါသည်။
လာပါပြီ...လူကိုမမြင်ရပေမယ့် မုတ်ဆိတ်နီကြီးဆီမှာ ဓါးပါလာမယ်ဆိုတာ တန်ဘိုးရားသိနေသည်...။
ထိုလူကြီး၏ မနက်စာဖြစ်ရတော့မည်ဟု တန်ဘိုးရားတွေးမိလိုက်သောကြောင့် ကြောက်စိတ်တို့ က အထွတ်ထိပ်သို့ ရောက်သွားလေတော့သည်။
"ဒီ ငနဲကို ခင်ဗျားဘာကြောင့်ဒဏ်ပေးရတာလဲ"
"စည်းကမ်းကို နားလည်စေချင်လို့ ပါ ဆရာ....ဒီငနဲဟာ သူ့ ကိုအစာကျွေးမလို့ လုပ်တုန်း ဘဲ(လ်)နက် ကိုယ်ပေါ်ကို အန်ချလိုက်တယ်ခင်ဗျာ"
"ဟ...ဒါက လှိုင်းမူးလို့ ဖြစ်တာဘဲကွ...ခင်ဗျားနားလည်မှုရှိရမှာပေါ့....ဒီမှာ မစ္စတာမိုး...ဟောဒီသင်္ဘောပေါ်မှာ ကျုပ်ရဲ့ အမိန့် မရဘဲ နောက်ထပ်ဒဏ်ပေးတာတွေမလိုချင်
ဘူး....နားလည်လား"
"ဟုတ်ကဲ့ ....သိပါပြီဆရာ"
"မှတ်ထားပါ မစ္စတာမိုး....ခင်ဗျားရိုက်ခိုင်းလိုက်တဲ့ကောင်ရဲ့ တန်ဘိုးကို ခင်ဗျားသိရဲ့ လား....သူ့ ကို အာဖရိက ကနေ ကျုးဘားကို ခေါ်သွားတဲ့အခါ ကျောပေါ်မှာဒဏ်ရာ
တွေနဲ့ ဆိုရင် ဘယ်သူက ဈေးကောင်းပေးဝယ်မှာတဲ့တုန်းဗျ...နောက်ကိုဘယ်တော့မှ စိတ်လိုက်မာန်ပါမလုပ်ပါနဲ့ "
"ဟုတ်ကဲ့ပါဆရာ.....ကျွန်တော်နားလည်ပါပြီခင်ဗျ"
"ခုတော့ ပြီးတာပြီးပါစေတော့ မစ္စတာမိုး....ခင်ဗျားက ခုမှပထမဆုံး ကျုပ်နဲ့ လိုက်ဖူးတာဖြစ်နေတယ်...ဒီတော့ကျုပ်ပြောချင်တာက ဒီတစ်ကြိမ်တော့ ခွင့်လွှတ်လိုက်မယ်၊
နောက်ကျရင် စည်းကမ်းနဲ့ ပတ်သက်လာရင် ကျုပ်ပဲကိုင်တွယ်မယ်....ကဲ...သူ့ ကိုလွှတ်လိုက်တော့"
အနှောင်အဖွဲ့ မှလွတ်ကင်းသွားရသော်လဲ တန်ဘိုးရားမှာ ကုန်းပတ်ပေါ်သို့ မှောက်ရက်လဲကျသွားရပြန်ပါသည်။
မုတ်ဆိတ်နီကြီးက သူ့ အနားသို့ လာရပ်သည်။
ခါးတွင်ချိတ်ထားသောဓါးအိမ်က နေရောင်ကြောင့် လက်လက်ထနေသည်။
ကြောက်ရွံ့ မှုက သူ့ ပေါ်တွင်လွှမ်းမိုးလာပြန်သည်။
"မ....မလုပ်ပါနဲ့ ဗျာ....ကျွန်တော့်ကို မသတ်ပါနဲ့ ခင်ဗျာ"
ကြောက်ရွံ့ မှုကြောင့် သူ့ ပါးစပ်မှ စကားလုံးများက ဗလုံးပထွေး ပေါ်ထွက်လာရသည်။
ပြီးတော့ သူ့ လက်များက ကပ္ပတိန်၏ခါးမှ ဓါးကောက်ကြီးကိုသာ ညွှန်ပြနေမိသည်။
"ဟေ့ကောင်လေး.....ဘာပြောတာလဲကွ"
"ဟို...ဟို.....မဖြတ်ပါနဲ့ နော်...စားမပြစ်ပါနဲ့ "
"ဘာကိုဖြတ်လို့ ဘာကိုစားရမှာလဲဟ"
"ဟို ဗျာ....ဝှေးစေ့တွေကို ဖြတ်မစားပြစ်လိုက်ပါနဲ့ နော်...တောင်းပန်ပါတယ်ဗျာ"
ဒီတော့မှ ကပ္ပတိန် မက်ဖာဆင်က နားလည်သဘောပေါက်သွားပြီး ဟက်ဟက်ပက်ပက်ရယ်မောပါလေတော့သည်။
အပိုင်း ၂ ဆက်၇န်..................