Skip to main content

Posts

ညဆိုး

ဆိုးဆိုးဝါးဝါးတွေ ဖြစ်ပျက်ခဲ့တဲ့ ညတည အကြောင်း ။ ဆိုးဝါးတဲ့ လူတွေကြောင့် ရာသီဥတု ဆိုးဝါးနေတဲ့ ညတညသည် ညဆိုးတည ဖြစ်ခဲ့ရသည် ။ ( 1 ) ရွှေသူဌေးထောင် ညနေလေးနာရီခွဲ အချိန် ထောင်မှူး သိန်းမင်းကျော်သည် တရားရုံး အချုပ်ကို ပို့ရမယ့် အချုပ်သားငါးယောက်ကို နေ့လည်က အချုပ်ကား မဆန့်လို့ မပို့ဖြစ်လိုက်တာကြောင့် အခု မိုးမချုပ်ခင် အမြန်ပို့ဖို့ စီစဉ်နေသည် ။ ထောင် အမှုထမ်းတယောက် လာပေးတဲ့ အချုပ်သား စာရင်းကို ကြည့်လိုက်သည် ။ ၁။ မောင်မောင်မျိုးလင်း (ဘ ဦးမဲကြုတ် ) ၂။ ချစ်တိုင်းကောင်း ( ဘ ဦးမြင့်သိန်းလွင် ) ၃။ဖိုးကံကောင်း ( ခေါ် )ကုလားမဲ ( ဘ ဦးပေါက်ကြီး ) ၄။ကျွဲကြီး ( ဘ ဦးဘိုမင်း ) ၅။ကျော်ထဲ ( ခေါ် )ကရင်လေး ( ဘ ဦးစောသာခေါင် ) ဒီအချုပ်သားတွေက မနက်ဖန်မှာ တရားရုံးထုတ်မယ့် အချုပ်သားတွေမို့ ဒီညနေထဲက ရောက်နေရမယ်လို့ တရားရုံး အချုပ်က ရဲအုပ်ဦးဇော်သိုက်က ဖုန်း လှမ်းဆက်တာ နှစ်ကြိမ် ရှိနေပြီ ။ မိုးကလည်း အုံ့နေသည် ။ ရွာတော့မယ့်ပုံ ။ သူ့လက်ထောက် ထောင်ကြပ်လှမြင့်စိုးက “ ထောင်မှူး..ကြည့်ပါအုံး...တိုက်တိုက်ဆိုင်ဆိုင် ဒီအချုပ်သား အားလုံး ငါးယောက်စလုံးက ၃၇၆ တွေ ချည်းဘဲ...” လို့ တအံ့တသြ ပြောလိုက်သည် ။ ထောင်မှူးသိန...